အပိုင်း 18

1.4K 78 0
                                    

"သား...." မေးချင်ပေမဲ့ပါးစပ်ကထွက်မလာဒေါ်မြတ်သီတာထက်တယောက် ရင်ထဲတွင်အပူလှိုင်းတက်နေသည် မေးခွန်းတွေများစွာရှိ
နေပေမဲ့ နှုတ်ကထွက်ကျမလာခဲ့

" မေမ ဘာပြောမလို့လဲဟင် ပြောစရာရှိတယ်ဆို "
"မေမေ ရှင်းရှင်းပဲပြောတော့မယ်သား"
"....."

"သားတို့နှစ်ယောက်ကဘာလဲ"
"အခုဘယ်လိုအခြေအနေလဲ"
လက်ထဲကကိုင်ထားတဲ့ဇွန်းကလွတ်ကျသွားတဲ့အထိ လန့်သွားခဲ့တယ် မေမေသိသွားပီထင်တယ်

"မေမေ သားတောင်းပန်ပါတယ်"
ထိုစကားတခွန်းကလွဲ၍ပြောစရားကားမရှိတော့ပေ ပြောချင်ပေမဲ့ပြောမထွက်နိုင်တော့ဘူး မေမေ့ပုံကိုကြည့်ရတာ ခ တို့​နှစ်ယောက်အကြောင်းသိပီးနေပီထင်တယ် ဝန်မခံချင်ပေမဲ့ ငြင်းလို့မှမရပဲ ထပ်ပီးမဖုံးကွယ်ထားချင်တော့ဘူး မေမေ့ကိုမလိမ်ချင်ဘူး ဖုံးကွယ်ထားရင်ရောဘယ်လောက်ခံမှာမို့လို့လဲ အခုမေမေသိဖို့အချိန်တန်ပီထင်တယ် ဒါပေမဲ့ ခ တို့ဘာမှတောင်မပြင်ဆင်ရသေးဘူးမောင် ....

မောင့်ကိုတချက်ကြည့်လိုက်မိတယ် မောင်ကခေါင်းကိုသာငုံနေခဲ့တယ် သားမိနှစ်ယောက်ကြားမှာသူဘယ်လိုမျက်နှာနဲ့ နေရမလဲဆိုတာပြောစရာမလို တွေးကြည့်ရုံနဲ့သိပါတယ် မောင်က ခ ကိုပဲဆုံးဖြတ်စေချင်တယ် ဘာတခွန်းမှဝင်မပြော

ရင်ထဲမှာစကားတွေအများကြီးပြောနေပေမဲ့ နှုတ်ဖျားကထွက်လာခဲ့တဲ့စကားကတောင်းပန်စကားတခွန်းသာ ထိုစကားကိုတောင် ခ တုန်ယင်စွာပြောထွက်မိတဲ့စကား

" ဘာကိုတောင်းပန်တာလဲသား "
"တောင်းပန်တယ်ဆိုတာ အမှားလုပ်ထားတဲ့သူတွေပြောတဲ့စကားပါ သားကအမှားလုပ်ထားလို့လား မေမေ့ထင်နေတာကအမှန်မဟုတ်ဘူးမှတ်လားသား .....
ခ မေမေကိုကြည့်စမ်း မေမေ့သားကိုမေမေယုံတယ် အမှန်တိုင်းပြောပါ ခ"

မေမေက ခ ကိုယုံတယ်တဲ့ ခ ဘယ်လိုဖြေရမလဲ မေမေကိုထပ်ပီးမဖုံးချင်တော့ဘူးမေမေ သားကိုခွင့်လွှတ်ပါ

"မေမေ "
"သား နဲ့ သူရ ကချစ်သူတွေပါ "
ကြားလို​က်ရတဲ့စကားကြောင့် ဒေါ်မြသီတာထက် ဆောက်တည်ရာမရဖြစ်သွားသည် မဟုတ်ဘူးလို့ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်နှစ်သိမ့်ထားခဲ့သမျှ သားပါးစပ်ကကိုယ်တိုင်ထွက်လာတဲ့စကားကြောင့် ကြားကြားချင်းမယုံနိုင်ဖြစ်နေရသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now