အပိုင်း12

2.1K 133 1
                                    

ခုနကသူတို့ထိုင်ခဲ့နားကိုလျှောက်လာတော့ ခ မရှိတော့သူရလန့်သွားသည်
တွေးမိတာကခတယောက်မူးပီးရေထဲများဆင်းသွားလားပေါ့
ခ ဆိုတဲ့နာမည်ကို သူရတယောက်အော်ရင်း စိတ်ပူစွာနဲ့ရှာနေမိတယ်
အရှေ့နားရောက်တော့တွေ့ပါပီ ခ တယောက် ရေနဲ့ထိလုနီးနီးကမ်းစပ်နားမှာတယောက်တည်းထိုင်ပီးကောင်းကင်ကိုငေးနေလေတယ် ခ ကိုမြင်တော့မှသူရတယောက်စိတ်သက်သာရပီး သက်ပြင်းချမိတယ်

" ခ မင်းပျောက်သွားလို့လန့်သွားတာပဲ မင်းကဒီမှာလာထိုင်နေတယ်" သူရပြောပီးပီးချင်း ခ ဘေးကို၀င်ထိုင်လိုက်တယ်
" သူရ ငါမင်းကိုမေးစရာရှိတယ် "
ခ ပါးစပ်ကသူရနဲ့စကားပြောနေပေမဲ့ မျက်လုံးတွေကကောင်းကင်ပေါ်ကိုသာဆက်ပီးကြည့်နေတယ် သူရလည်း ခအတူကြယ်တွေကိုလိုက်ကြည့်နေလိုက်မိတယ်
"မင်းမှာချစ်ရမယ့်သူရှိနေပီလား"
ခ ဒီမေးခွန်းကိုမေးရင်နောက်ဆုံးမှာအသံတိမ်၀င်သွားသည် မေးခွန်းဆုံးသွားသည်နှင့်မျက်၀န်းထဲမှာအရည်တွေလဲ့လာသည် ဘာကြောင့်မှန်းမသိ သူဒီအဖြေကိုမသိချင်ပေမဲ့ထိုမေးခွန်းကိုမေးလိုက်မိသည် သူရဆီအဖြေကချက်ချင်းထွက်မလာပဲ ခဏကြာတော့မှ
"အင်းး....(သံရှည်ဆွဲကာ) ချစ်ရမယ့်သူဆိုတာထက် သဘောကျနေရတဲ့သူမျိုးတော့ဆိုရင်တော့ပိုမှန်မယ် " ခကြယ်တွေကိုကြည့်ပီးဖြေလိုက်တယ်
"ဟုတ်တယ် သဘောကျတယ် ငါသူကိုအရမ်းသဘောကျတယ် ဒါကိုဘယ်ချိန်ကစခဲ့လဲငါမသိဘူး ဒါပေမဲ့သေချာတာက ငါကပေးဆပ်မဲ့လူမျိုးပါ သူဘယ်လိုပဲဖြစ်နေပါစေ ငါသူ့အတွက်အမြဲတမ်းရှိမယ် သူပျော်နေရင်ငါလည်းပျော်တယ် သူကငါ့အပေါ်တခါမှမကောင်းခဲ့ရင်တောင်ငါစိတ်မဆိုးဘူး
သူ့ရဲ့အပြုအမူတခုချင်းဆီတိုင်းကိုငါသေဘာကျတယ် သူ့ရဲ့ဖြစ်တည်မှုတိုင်းကို သဘောကျတယ်
ဒါပေမဲ့ငါတို့နှစ်ယောက်ကမဖြစ်နိုင်ပါဘူး"
စကားအဆုံးမှာသူရမျက်ရည်တွေကျလာတယ်
"တော်တော့ သူရ မပြောနဲ့တော့ မင်သူ့ကိုချစ်တယ်မှတ်လား ငါကူညီပေးမယ် ငါမင်းတို့နှစ်ယောက်ကိုကူညီမယ် "
ခ တယောက် ငါဘာပြောနေမ်ိတာလဲ ကိုယ်ချစ်တဲ့သူကို ကိုယ့်လက်နဲ့ကိုယ်တိုင်တခြားသူတယောက်ဆီထည့်ပေးမယ်ဆိုတဲ့ထိ ငါကသူရဲဘောကြောင်နေမိတာလား
ခ တယောက်ရင်နာနာနဲ့ကိုယ့်ကိုကိုယ်ပြောလိုက်မိသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now