အပိုင်း 23

1.5K 85 3
                                    

"မောင်....ခ ကိုနောက်တခါထပ်ပြီးမထားခဲ့နဲ့တော့နော်"
"အင်းပါ ခ ရဲ့နောက်မှာ မောင်အမြဲတမ်းရှိနေမယ် "
ဒီစကားကမပြောသင့်ဘူးဆိုတာ သူရ သိပါတယ် ဒါသူများအိမ်ထောင်ရေးကိုဖျက်စီးတဲ့လုပ်ရပ်မျိုးမဟုတ်လား နေ့တိုင်းဘုရားရှိခိုးပြီးမှသူ့တာဝန်တွေပြီးဆုံတယ်လို့ထင်က
မောင်က အချစ်အတွက်နဲ့ ကာမေသုဆိုတဲ့ကံကိုကျူးလွန်နေမိပြီ ခ ဘယ်တတ်နိုင်ပါ့မလဲ လူဆိုတဲ့အမျိုးကအချစ်အတွက်အသက်တောင်စွန့်ရဲကြတာမဟုတ်လား ကိုယ့်ချစ်သူအတွက် ဒီကံတစ်ပါးက သူရအတွက်စဥ်စားနေဖို့မလိုတော့ဘူး ငရဲတွေလည်းကြီးရင်ကြီးပါစေတော့ တခါကွဲခဲ့ဖူးတဲ့အသည်းက အနည်ထိုင်အောင်လုပ်ရအောင်လွယ်တာမှမဟုတ်ပဲ
ဒီတခါများထပ်ဝေးခဲ့ရရင်ဆိုတဲ့အတွေးက မောင့်အသက်ခန္ဓာအားလုံးကိုချုပ်ငြိမ်းသွားစေနိုင်တယ် ဒီတခါတော့ကျွန်တော်အတ္တကြီးပါရစေ လောကကြီးရေ
.......
အိမ်သာထဲကထွက်လာတော့အပြင်မှာတယောက်မှမရှိတာနဲ့တခုတော့
စိတ်အေးသွားရသည်
တ​ယောက်တလမ်းဆီမသိသလိုခွဲထွက်သွားကြပေမဲ့ ခ နဲ့ သူရရဲ့မျက်နှာတွေမှာ ပျော်ရွှင်ကြည်နူးမှုတွေအပြည့်နဲ့
"သူရ "
"ဗျာ "
"ဘယ်နှနာရီထိုးနေပြီလဲ အချိန်လေးဘာလေးကြည့်ဦး အလုပ်နောက်ကျလို့ဆူခံရဦးမယ် နောက်တခါစောစောလာ"
"ဗျာ ဟုတ် "
ဟုတ်သားပဲ သူလာတုန်းက အခန်းထဲကိုတောင်အရင်မဝင်ပဲ အိမ်သာကိုတန်းသွားတာ အိမ်သာထဲမှာ ခ နဲ့ ချစ်ကြည်နူးနေတာနဲ့ ကြာသွားတာ နာရီကြည့်လိုက်တော့ ၉ နာရီတောင်ခွဲနေပြီ အဆူခံရပေမဲ့ ပြုံးစိစိလုပ်နေတဲ့ သူရကို
တော်တော်ပျော်နေတာလားသူရ ဂျာကြီးက တချက်ပြူးကြည့်လိုက်သည် အဲ့တော့မှ မျက်နှာပိုးသတ်ကာ အလုပ်ခုံကိုမှာဝင်ထိုင်ပြီးလုပ်စရာရှိတဲ့စာရင်းတွေလုပ်နေလိုက်သည်
.......
"ကိုကို အိမ်သာသွားတာကလည်းကြာလိုက်တာ ဒီမှာမြတ်နိုးတယောက်တည်းစောင့်နေရတာ "
"ဆောရီးပါ ကိုနဲနဲကြာသွားတယ်
အန်ကယ်ရော"
"အော် ဖေဖေက သူ့မိတ်ဆွေတယောက်နဲ့အရေးကြီးလို့အပြင်ခဏထွက်သွားတယ်
ကိုကိုအလုပ်ရှိလို့လား  ကုမ္ပဏီမှာအရေးကြီးကိစ္စရှိရင်ပြန်လေ မြတ်နိုးဖေဖေ့ကိုပြောလိုက်မယ် "
"ရပါတယ် ကို စောင့်နေမယ် "
မြတ်နိုးကတော့ sofa ပေါ်ပြီးဖုန်းသုံးနေသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now