အပိုင်း 1

11.1K 359 5
                                    

Unicode
"ကျွန်တော့ကိုတယောက်တည်းမထားခဲ့ပါနဲ့အမေ
အမေ ထပါဦး အမေ သားကိုကြည့်ပါဦး အမေ
အီး ဟီး ဟီးး"

၀ါးလုံးတန်းလေးတွေကားတန်းထားပီးမိုးရေတွေတစ်စက်တစ်စက်စီးကျနေတဲ့အိမ်ငယ်လေးတွင်ရှိုက်ကာငိုကြွေးနေသောကောင်လေးတယောက် နောက်ဆုံးတော့၃နှစ်လောက်ခံစားခဲ့ရသော၀ေဒနာတွေချုပ်ငြိမ်းပီးကောင်းမွန်တဲ့ဘ၀သစ်တခုကိုအမေရောက်သွားပီထင်ပါရဲ့
နာတာရှည်ရောဂါနဲ့၃နှစ်လောက်အိပ်ရာထဲလဲနေခဲ့သောမြတ်သူရမောင်ရဲ့အမေ အခုတော့မရှိတော့ပါဘူးလေ
အမေကတော့သားကိုစိတ်ချလက်ချထားသွားပီး
ဆွေမရှိမျိုးမရှိနဲ့သားကတော့လောကကြီးမှာတယောက်တည်းရှင်သန်ရပ်တည်ရတော့မယ်

အမေ့အတွက်လုပ်စရာကိစ္စရှိတာတွေလုပ်ပီးအမေ့ရဲ့နောက်ဆုံးခရီးကိုပို့ပေးပီးအိမ်ပြန်လာခဲ့လိုက်တယ်အိမ်ပြန်ရောက်တော့အမေ့ရဲ့ပစ္စည်းလေးတွေကိုသိမ်းစရာရှိတာလေးတွေသိမ်းပီးအိမ်ရှေ့ငုတ်တုတ်ထိုင်စဥ်းစားနေတုန်းအမေပေးခဲ့တဲ့စာရွက်ထဲကလိပ်စာလေးကိုကြည့်ပီးဒီလိပ်စာအတိုင်းမြို့ကအမေ့အသိအိမ်ကိုပဲသွားရမှာပဲ
ဒီမှာလည်းငါလုပ်တတ်တာမှမရှိတာအဲ့တော့လည်းမရှိလေတော့တဲ့အမေ့ရဲ့အကူအညီကိုပဲဆက်ပီးယူရဦးမှာပဲ အမေရေ ဟု သူရစိတ်ထဲကရေရွတ်လိုက်တယ်

"ဘုန်း! (လင်းခသူရကျောကိုရိုက်သံ)
သူရ"
"အာ! ခန့် လိုက် တာ လင်းခရာ"
"ဟေ့ကောင်သူရငါလာတာတောင်မသိရအောင်တယောက်တည်းဘာတွေတွေးနေတာတုန်း"
"ဒီလိုပါပဲကွာ အမေလည်းမရှိတော့ဘူးဆိုတော့" သူရသက်ပြင်းချရင်း "ဆုံးသွားတဲ့သူလည်းဆုံးသွားပီပဲအရမ်းခံစားမနေပါနဲ့တော့ကွာ အရီးလေးမရှိတော့ပေမဲ့ငါတို့မင်းဘေးမှာရှိပါတယ်ကွ အားမငယ်ပါနဲ့"သူရရဲ့လည်ပင်းကိုလာဖက်ပီးပြောလိုက်တဲ့ လင်းခ
"အေးပါကွာ ကျေးဇူးပါ"
"ဒါနဲ့မင်းအမေလည်းဆုံးသွားပီဆိုတော့မင်းဘာဆက်လုပ်ဖို့စဥ်းစားထားလဲ"
"ငါလည်းအဲ့တာပဲတွေးနေတာ အမေကသူမဆုံးခင်ငါ့ကိုမြို့သူ့အသိတယောက်လိပ်စာပေးသွားတယ်သူမရှိတော့ရင်အဲ့ကိုသွားပါတဲ့"

"ဒါဆိုမင်းကမြို့ကိုသွားတော့မှာပေါ့ သူရမင်းငါတို့ကိုထားသွားတော့မယ်ပေါ့ ဟုတ်လား ဗြဲ ....."
သူရကိုစပီးအသံပြဲနဲ့ငိုပြနေသောလင်းခ
"တော်စမ်းပါ လင်းခရာ ငိုမနေနဲ့လှတာလည်းမဟုတ်ဖူး မင်းပြောနေပုံကမသိရင်ငါကသေရွာသွားမှာကြနေတာပဲ "

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now