အပိုင်း 22

1.5K 82 2
                                    

"ကိုကို ဒီနေ့ ဖေဖေ့ရုံးသွားတော့ဘယ်သူနဲ့တွေ့ခဲ့သိလား "
"ဘယ်သူနဲ့တွေ့ခဲ့လို့လဲ "
ရေချိုးပြီး အကျီဝတ်ဖို့ဗီဒိုထဲကအကျီကထုတ်ရင်းပြန်ပြောလိုက်သည်

"ဘယ်သူကမလဲ ကိုကို့ရဲ့သူငယ်ချင်းလေ သူရပေါ့ "
"ဝတ်လက်စအကျီကြယ်သီးတပ်နေရင်းပင် ခဏမှင်သက်သွားသည်

"သူရကဘာလို့အဲ့လို့မှာရှိနေတာလဲ "
ချက်ချင်းပင် မြတ်နိုးနားသွားပြီးအသည်းအသန်မေးနေမိသည်
"အော်...သူက ဖေဖေ့ရုံးမှာဒီနေ့မှအလုပ်စဝင်တာတဲ့ မြတ်နိုးတောင်ပြောခဲ့သေးတယ်
တရက်လောက်ကိိုကိုနဲ့ရောသုံးယောက်ဆုံကြဦးမယ်လို့"
မြတ်နိုးပြောနေမဲ့ ခ မကြားနိုင်တော့ မောင့်အကြောင်းသာတွေးနေလိုက်မိသည်

"ကိုကို..... ကိုကိုလို့ "
"ဟင်.."
"ဘာတွေစဥ်းစားနေ​တာလဲ ကိုကိုဗိုက်ဆာနေပြီလား မြတ်နိုးအောက်မှာစောင့်နေမယ် ဆင်းလာခဲ့နော် "

မြတ်နိုးပြောလိုက်တဲ့စကားကြောင့် ခ တယောက်ဝမ်းသာဝမ်းနည်းဖြစ်နေရသည်
​မောင်နဲ့ပြန်တွေ့ရတော့မို့ဝမ်းသာပေမဲ့ ခ ကအခုအရင်လိုမဟုတ်တော့ပဲ အိမ်ထောင်သည်တယောက်ဖြစ်နေပြီ
မောင်နဲ့အရမ်းတွေ့ချင်တယ် ဒါပေမဲ့ဒီလိုပုံမျိုးနဲ့တော့ပြန်မဆုံချင်ဘူး
မောင် ခ တို့နှစ်ယောက်ရေစက်ကမကုန်​သေးဘူးထင်ပါရဲ့....
..........
မြတ်နိုးပြောတဲ့စကားကို ရုံးခန်းထဲကထွက်လာပြီးတည်းက စဥ်းစားနေတာ အိပ်ရာပေါ်ရောက်တဲ့ထိအဖြေမထွက် ကိုကိုနဲ့လဲအရမ်းခင်တာတဲ့ ကိုကိုဆိုတာဘယ်သူလဲ ကျောင်းတုန်းကအရမ်းခင်ခဲ့တဲ့သူဆိုလို့ ဇွဲမင်းပိုင်တယောက် ပဲရှိတယ် မဟုတ်မှ မြတ်နိုးနဲ့ ဇွဲကလက်ထပ်လိုက်တာလား
စဥ်းစားပေမဲ့အဖြေမထွက် မေးချင်ပေမဲ့ သူဌေးရှေ့မှာမို့လည်မပြောရဲ အဲ့တာနဲ့ပဲမသိချင်ယောင်ဆောင်ပြီးအပြင်ထွက်လာပေမဲ့ သိချင်စိတ်ကထိန်းမရ

"သူရ ဘာတွေစဥ်းစားနေတာလဲ "
အိပ်ရာပေါ်တက်လာတဲ့ လင်းခ ကြောင့််သူရအတွေးပျက်သွားသည်
"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းအိပ်မပျော်လို့ဟိုတွေးဒီတွေးပါ "
"ဒီနေ့အလုပ်သွားတာဘယ်လိုလဲ အဆင်ပြေရဲ့လား "
"ပြေပါတယ် " အလုပ်ရှင်ရဲ့သမီးကသူ့သူငယ်ချင်းပါဆိုတဲ့စကားကိုတော့မပြောဖြစ် အတွေးထဲမှာပဲပြောပြလိုက်သည်
"အင်း ပြေလည်းပြီးတာပဲ အိပ်တော့ မနက်ကျမထနိုင်ပဲနေဦးမယ် "
ပြောပြီးလင်းခ အိပ်ရာပေါ်ကဆင်းသွားသည်
တိုက်ဆိုင်မှုတွေရှိတိုင်းသတိရနေသေးတယ်.....
အတွေးတွေကိုဒီမှာတင်အဆုံးသတ်ပြီးအိပ်ရာဝင်လိုက်သည်
........
"ကိုကို ဒီနေ့ဖေဖေ့ဆီသွားမှာမှတ်လား မြတ်နိုးလည်းလိုက်မယ်နော် "
တခါတည်းပိတ်ပြီး​ပြောလိုက်တဲ့စကားကြောင့် ခ ငြင်းမရဖြစ်သွားသည် မခေါ်ချင်ပေမဲ့ မခေါ်လို့မရတာနဲ့ပဲနဲ့ လက်ခံလိုက်သည်
"အင်း"

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now