အပိုင်း13

1.9K 112 0
                                    

"မေမေ အိမ်မှာအဆင်ပြေရဲ့လား"
"အေး ပြေပါတယ် သားတို့ရောတော်တော်မှပျော်နေရဲ့လား"
"ဟီးဟီး...မေမေကလည်းနဲနဲပါ"
မနက်စောစော ခ တယောက်သူ့မေမေနဲ့ဖုန်းထဲမှာအချွဲလေးလုပ်နေလေရဲ့

"ဒါနဲ့သားတို့ဘယ်နေ့ပြန်လာမှာလဲ နောက်နှစ်ရက်လောက်ရင်ပြန်လာတော့မယ် မေမေ"
"အေးပါ အရမ်းပျော်မနေကြနဲ့နော် ရေထဲမှာလည်းအကြာကြီးမနေနဲ့ ညဘက်လည်းညဥ့်ညက်တဲ့ထိမနေကြနဲ့ ကိုယ့်ကိုယ်ကိုဂရုစိုက်ကြ မေမေကုမ္ပဏီသွားတော့မယ် နောက်ကျနေပီ မေမေမှာတာတွေမမေ့နဲ့နော် ကြာလား ခ "
" ဟုတ်ကဲ့ပါ မေမေရဲ့ သားသိပါတယ် ခ ကိုစိတ်ချနော် နောက်နှစ်ရက်နေပြန်လာခဲ့မယ် ခ ကမေမေ့ကိုလွမ်းနေပီ "
"အမလေးဟုတ်ပါပီအမေကိုချွဲမနေနဲ့ ဒါပဲဒါပဲ "
"ဟုတ် မေမေ တာ့တာနော် ချစ်တယ် ခ ​ ပြန်လာရင်မုန့်တွေအများကြီးဝယ်ခဲ့မယ်နော် "
ဒီတခါမေမေ့ဘက်ကဖုန်းအရင်ချသွားသည်

ခ မေမေနဲ့ဖုန်းပြောပီးအခန်းထဲပြန်ဝင်ဖို့အနောက်လှည့်လိုက်တော့ လက်ကိုထောက်ကာလက်ပေါ်ခေါင်းတင်ပီး ခ ကိုသေချာကြည့်နေတဲ့ မောင့်ကိုတွေ့လိုက်တယ်
"မောင် နိုးနေပီလား ထတော့လေ"
ခ ​မောင်နိုးနေတာကိုတွေ့တာနဲ့ ​အခန်းထဲကိုလျှောက်လာလိုက်တယ်

" ခ နိုးနေတာကြာပီလား "
"မကြာသေးပါဘူး ခုနကမှမေမေ့ဆီကဖုန်းလာလို့နိုးသွားတာ"
ခ က ကုတင်ပေါ်မှာလာထိုင်ပီး မောင်ကခုနကအခြေနေတိုင်းရှိနေသည်
"မောင် ခ ကိုချစ်လား"
မနက်စောစော ခ ရဲ့အမေးကြောင့် မောင်တယောက်ကျေကျေနပ်နပ်ကြီးပြုံးလိုက်မိတယ် မောင် ခရဲ့မျက်နှာကိုသေချာကြည့်ပီးဖြေလိုက်တယ်
"မောင် မင်းကိုအရမ်းမြတ်နိုးပါတယ် ခ ရယ်"
မောင့်ရဲစကားကြောင့် ခ မျက်မှောင်ကြုတ်ပီးစိတ်ထဲတမျိုးထင်သွားသည်
"မောင့် ကိုချစ်လားလို့မေးတာလေ ဘာလို့ချစ်တယ်လို့မပြောပဲ မြတ်နိုးတယ်ပြောတာလဲ ဘာလဲ ချစ်တယ်လို့မပြောချင်တာလား ခ ကိုတကယ်မချစ်ဘူးလား ခ ကိုအပျော်ကြံတာလား အီးဟီးဟီး...." မြတ်နိုးပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသေချာမသိတဲ့
ခ တယောက်ပါးစပ်ကတရစပ်ပြောပီး မောင့်ရဲ့လက်မောင်းကိုထုရိုက်နေလေရဲ့
" အာ့ ခ နာတယ် ဒီကလေးစုတ်တော့ငါလုပ်ရင်နာတော့မယ်"
မောင့် ရဲ့ပြောစကား​ကြောင့် ခ ပိုပီးအသံပြဲနဲ့အော်ငိုနေလေရဲ့
"ဘာ ဘာကလေးစုတ်လဲ ဗြဲ အခုမှချစ်သူဖြစ်တာတရက်ပဲရှိသေးတယ် လူကိုနှိပ်စက်ချင်နေပီ အီးဟီး....."
ခ တယောက်ပြောလေပိုဆိုးလေဆိုတဲ့စကားအတိုင်းစောစောစီးစီး
ဟိုတည်ထဲမှာအသံပြဲနဲ့ငိုနေလေရဲ့

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now