Unicode
" အစိုင်း... ငါမင်းကို ငါတို့အိမ်အကြောင်းပြောမယ်လို့ ကတိပေးထားတယ်လေ "
ကဏ္ဏရဲ့အသံကိုကြားတော့ အစိုင်း ကဏ္ဏဘက်ကိုလှည့်လာသည်။
" အင်း ပြောလေ၊ မင်းမှာဘာအခက်အခဲတွေရှိနေလို့လဲ "
ကဏ္ဏ,ကတော့ ပက်လက်လှန်လှဲချလိုက်ရင်း လက်နှစ်ဖက်ကို ခေါင်းအောက်မှာထားလိုက်ကာ
" ဟင်း...တကယ်တော့ ဒီမနက်တုန်းက ငါ့အဖေမူးလဲသွားတာကွ၊ ဒါနဲ့ဆိုရင် နှစ်ခါရှိပြီ။ ဆီးချိုတွေလည်းတက်နေတယ်တဲ့၊ မနေ့က အဖေနဲ့အမေ ရန်ဖြစ်ပြီးကတည်းက အဖေကအမေ့ကိုရွဲ့ပြီး ဘာမှမစားပဲ လက်ဘက်ရည်တွေချည့် လှိမ့်သောက်နေခဲ့တာ.... "
ကဏ္ဏ..သူ့စကားစကိုရပ်လိုက်ပြီး ခေါင်းပေါ်ကအထိအတွေ့ကိုခံစားရသဖြင့်ကြည့်လိုက်တော့...
အစိုင်းက သူ့ဘက်ကိုလှည့်ကာ ခန္ဓာကိုယ်ကိုတော့ တံတောင်ဖြင့်ထောက်ကန်ထားရင်း ကျန်တဲ့လက်တစ်ဖက်က ကဏ္ဏရဲ့ ဆံပင်တွေကို အသာအယာသပ်ပေးနေတာကို တွေ့လိုက်ရသည်။ ကဏ္ဏ္,က မော့ကြည့်လိုက်မှသာ လက်ကိုပြန်ချလိုက်ရင်း" ဏ... မင်းရဲ့မိဘတွေ ဘယ်လိုအကြောင်းကြောင့် ရန်ဖြစ်လဲဆိုတာ မသိပေမယ့် အရမ်းကြီးလည်း စိတ်ညစ်မနေပါနဲ့ကွာ၊ ငယ်လင်ငယ်မယားတွေဆိုတာ သေတပန်သက်တဆုံးပေါင်းရတတ်တယ်တဲ့ "
အစိုင်းစကားကြောင့် ကဏ္ဏရယ်လိုက်မိသော်လည်း အသက်မပါလှစွာ။
" ငါက ငါ့မိဘတွေကွဲမှာကို စိုးရိမ်နေတယ်လို့ မင်းကထင်နေတာလား။ အဲ့ဒါထက် ငါ့အဖေရဲ့ကျန်းမာရေးကိုပိုပြီးစိုးရိမ်နေတာကွ။ ငါ့အဖေက နည်းနည်းအရွဲ့တိုက်တတ်တယ်။ အမေနဲ့ရန်ဖြစ်ထားတာဆိုတော့ အမေချက်ကျွေးတဲ့ထမင်းတွေကိုစားပါ့မလားတောင် မသေချာဘူး။ ဟူး... အဖေ့ကြောင့် အကြွေးတွေတင်နေလို့ နည်းနည်းတော့စိတ်ဆိုးပေမယ့်လည်း အဖေအခုလိုဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရပြန်ရော "
" ဘာပဲဖြစ်ဖြစ် မင်းအဖေကိုတော့မပစ်မှားမိစေနဲ့ပေါ့ ဏရာ။ မင်းအဖေက ငါ့အဖေလိုမျိုး သားသမီးတွေကို ဂရုမစိုက်တတ်တဲ့အဖေမှမဟုတ်တာ။ မင်းတို့ကိုတော့ ချစ်ရှာပါတယ်ကွ။ အခုလိုအကြွေးတွေတင်နေတာလည်း အရင်ဘဝက ဝဋ်ကြွေးကြောင့်လို့သာမှတ်ထားလိုက်ပေါ့ကွာ။ အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒီလိုအကြွေးတွေတင်နေတော့ မင်းတို့က မင်းတို့အဖေရဲ့အကြွေးတွေကို ကူဆပ်ပေးတော့ ကုသိုလ်ရတာပေါ့ကွ။ ဒါလည်းကျေးဇူးဆပ်ခြင်းတစ်မျိုးပဲလေ "
YOU ARE READING
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
RandomBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...