Part 17

577 27 0
                                    

Unicode

အစိုင်းက သူနဲ့တွေ့ချင်တယ်ဟုဆိုသဖြင့် သူတို့နှစ်ယောက်ထိုင်နေကျဖြစ်တဲ့ လက်ဖက်ရည်ဆိုင်မှာတွေ့ကြသည်။

" ကဏ္ဏ မင်းမျက်နှာကဘာဖြစ်နေတာလဲ၊ နေရောကောင်းရဲ့လား "

လက်ဖက်ရည်မှာပြီး မသောက်သေးပဲ ငိုင်တိုင်တိုင်နဲ့ဖြစ်နေတဲ့ကဏ္ဏကို အစိုင်းမေးလိုက်ခြင်း...

" ဘာမှမဖြစ်ပါဘူးကွ၊ ငါနေကောင်းပါတယ် "

" ဘာမှမဖြစ်ဘူးသာပြောတာ မင်းမျက်နှာကဘာလို့အဲ့လိုဖြစ်နေရတာလဲ "

" ဘာမှမဟုတ်ပါဘူးကွာ ဒါနဲ့ မင်းငါ့ကို ဘာလို့တွေ့ဖို့ခေါ်တာလဲ "

ကဏ္ဏ စကားလမ်းကြောင်းလွှဲလိုက်တော့ အစိုင်းက သူ့လွယ်အိမ်ထဲကစာတစ်စောင်ကိုထုတ်ပေးလာသည်။

" ဘာကြီးလဲအစိုင်းရ "

" ငါတို့အိမ်ရဲ့အိမ်ဂရံလေ၊ မနေ့က ငါ့မိထွေးကအိမ်ကိုရောင်းမယ်ဆိုပြီး ငါ့ဆီကအိမ်ဂရံတောင်းတာ။ အဲ့ဒါ ငါကသူ့ကိုမပေးချင်လို့ မင်းကိုခဏသိမ်းခိုင်းထားချင်လို့။ မင်းသိမ်းထားပေးလို့ရလား "

" နေပါအုံးကွ၊ မင်းမိထွေးကဘာလို့ရောင်းချင်တာတဲ့လဲ "

" ငွေလိုလို့ပေါ့ကွာ၊ အိမ်ကငါ့အဖေနာမည်ပေါက်ဆိုတော့ သူနဲ့လည်းဆိုင်တယ်တဲ့လေ။ အိမ်ရောင်းပြီး ရတဲ့ငွေကိုတစ်ယောက်တစ်ဝက်စီခွဲယူရင်ယူ အဲ့လိုမှမဟုတ်ရင် သူ့ကိုပိုက်ဆံအမ်းလိုက်တဲ့ "

အစိုင်းစကားကြောင့် ကဏ္ဏဒေါသထွက်သွားသည်။

" ဘာဆိုင်လို့လဲကွ၊ အဲ့အိမ်က မင်းတို့အိမ်ပဲဥစ္စာကို၊ အိမ်ရောင်းလိုက်ရင် မင်းတို့မောင်နှမက ဘယ်လိုသွားနေကြမှာတုန်း၊ ပြီးတော့ သူ့ကိုပိုက်ဆံအမ်းလိုက်တယ်ပဲထား၊ အဲ့ပိုက်ဆံတွေယူပြီး သူကကျ အိမ်ပေါ်ကဆင်းမပေးရင်ဘယ်လိုလုပ်မှာတုန်း၊ တစ်ခုမှမလုပ်နိုင်ဘူးလို့ပြောလိုက်ကွာ "

" တစ်ခုမှလုပ်မပေးနိုင်ရင် သူ့ကိုယူတဲ့ကွာ၊ သူနဲ့ယူပြီး ငါရသမျှပိုက်ဆံအကုန် သူ့ကိုအပ်တဲ့။ အရမ်းယုတ်မာတဲ့အဖွားကြီး အဖေသေတော့ သားကိုကြံနေတာ စောက်ရမ်းရွံဖို့ကောင်းတယ်။ ဒီနေ့တောင် ပွဲစားတွေအိမ်လာကြည့်မှာမလို့ ညီမလေးကို ဒေါ်လေးအိမ်ပို့ထားပြီး ငါကမင်းဆီလာတာ "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now