💘Final💘

2.7K 53 6
                                    

Unicode

ထို့နောက်မှာတော့ အစိုင်းက ကိုထွန်းဆီမှာ အိမ်ဝယ်ဖို့စုံစမ်းရင်း လူနှစ်ယောက်ကောင်းကောင်းနေလို့ရသည့်အပြင် ကျယ်လည်းကျယ်သည့် အိမ်တစ်လုံးကို ဗိုက်နာဈေးနဲ့ရလိုက်လေသည်။ အိမ်လေးက တစ်ထပ်အိမ်လေးဖြစ်ပြီး အစိုင်းက ဝယ်ပြီးပြီးချင်းမှာပဲ ကဏ္ဏစာသင်ဖို့အတွက် ဘေးမှာ‌ အဖီဆွဲပေးထားသည့်အပြင် ကျောက်သင်ပုန်း၊ မြေဖြူ၊ ဝှိုက်ဘုတ် စသည့် သင်ထောက်ကူပစ္စည်းများစွာကိုလည်း အဆင်သင့်ဝယ်ပေးထားသေးသည်။

ကဏ္ဏတို့နှစ်ယောက် ထိုရွာလေးကို ပြောင်းလိုက်ကြသည်။ ကဏ္ဏက ဘွဲ့ကို အဝေးရောက်အနေနဲ့သာယူလိုက်သည်။ မဟုတ်လည်း သူဘွဲ့ယူတဲ့နေရာကို အစိုင်းကလွဲပြီး လာမယ့်လူမှမရှိ‌ပဲလေ။ ကဏ္ဏက ကလေးတွေကိုစာသင်ပေးသလို အစိုင်းက လယ်ယာအလုပ်တွေလုပ်ပြီးပိုက်ဆံရှာကြသည်။

လူနှစ်ယောက်ပဲရှိသည့်အပြင် နှစ်ယောက်လုံးကလည်း ပိုက်ဆံအပိုမသုံးတတ်ကြတာကြောင့် တစ်နှစ်အတွင်းမှာပဲ ပိုက်ဆံအတော်စုမိလေသည်။ စုထားသည့်ပိုက်ဆံတချို့ကို နှင်းနုနာမည်နဲ့လှူပေးပြီး တချို့ကိုတော့ ဦးနေနိုင်နာမည်နဲ့လှူပေးလေသည်။

ကဏ္ဏမှာ ပါးစပ်ကသာသူ့အမေနဲ့ပြတ်ပြီဟုပြောနေသော်လည်း တကယ့်လက်တွေ့မှာတော့မနေနိုင်ရှာပေ။ လတိုင်းလတိုင်း အစိုင်း မြို့ပေါ်တက်သည့်အခါ သူ့အမေဆီကိုပိုက်ဆံလွှဲခိုင်းတတ်လေသည်။ ယခုလည်း အစိုင်းက မြို့ပေါ်ကိုမြေဩဇာတွေတက်ဝယ်ရင်း ကဏ္ဏရဲ့အမေဆီကို ပိုက်ဆံလွှဲပေးဖို့သွားလေသည်။ အပြန်မှာတော့ ကဏ္ဏမှာလိုက်တဲ့ သတင်းစာတွေ၊ စာအုပ်တွေနဲ့ တခြားလိုအပ်မယ်ထင်တဲ့ပစ္စည်းတွေကိုဝယ်ပြီး ရွာကိုပြန်လာခဲ့သည်။

သူရောက်တော့ ကဏ္ဏကစာသင်လို့မပြီးသေးပေ။ ကဏ္ဏ အစိုင်းကိုမြင်တော့ စာသင်နေတဲ့နေရာကနေ အစိုင်းထိုင်နေတဲ့ဘက်ကိုထွက်လာလိုက်ရင်း

" ပင်ပန်းနေပြီလား၊ ထမင်းအရင်စားရင်စားနှင့်လိုက်လေ၊ ဒီနေ့မင်းအတွက်ဝက်သားရေကြိုချက်ထားတယ်။ ငါကတော့ ကလေးတွေကိုစာသင်ပြီးတော့မှစားလိုက်တော့မယ် "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now