Unicode
ကျန်ခဲ့တဲ့ ကဏ္ဏတို့ကတော့ အဖေဖြစ်သူရဲ့ ဖောက်ပြန်မှုကြီးအပြင်၊ သူတို့ကုန်းရုန်းရှာထားရတဲ့ ချွေးနည်းစာတွေနဲ့ ဆပ်ပေးနေရတဲ့အဖေ့အကြွေးတွေဟာ တကယ်တော့ နောက်မိန်းမကိုထောက်ပံ့ဖို့အတွက်တင်နေတဲ့အကြွေးတွေဆိုတာသိလိုက်ရတဲ့အတွက် အဖေဖြစ်သူကို စိတ်တော့နာသွားကြသည်။ ကိုကြီးနဲ့ကိုလတ်ကတော့ တက်တခေါက်ခေါက်နဲ့ လုပ်ရက်လေခြင်းဟု မချိတင်ကဲရေရွတ်နေကြသည်။
ညီအစ်ကိုသုံးယောက် စကားမပြောဖြစ်ကြပဲ အတန်ကြာထိုင်နေပြီးတဲ့နောက်မှာတော့ ကိုကြီးက
" အဖေကလုပ်ရက်လိုက်တာ! ငါ့မှာတော့ မင်္ဂလာဆောင်ဖို့စုထားတာတွေကို သူ့အကြွေးတွေဆပ်ပေးလိုက်ရလို့ မင်္ဂလာမဆောင်ဖြစ်လိုက်ဘူး။ အဲ့အပြင်ကို ခုထိမနက်မိုးလင်းကမိုးချုပ် အပင်ပန်းခံ အလုပ်လုပ်ပြီး ရလာသမျှပိုက်ဆံတွေကို သူ့ဆေးဖိုးတွေရော၊ အကြွေးတွေရော အကုန်လုံးဆပ်ပေးနေရတာ။ သူမလို့ ကိုယ့်သားတွေမျက်နှာမှမထောက်၊ သားလုပ်သူတွေကိုမသနားပဲ မယားငယ်ကို ပိုက်ဆံတွေပေးလိုက်သေးတယ်! "
" ငါတို့လည်းဝဋ်ကြွေးပါပဲကိုကြီးရာ၊ အငယ်ကောင်က ဒါတွေစိတ်ထဲထားမနေနဲ့။ စာကိုပဲအာရုံစိုက်ကြားလား! မင်းတို့လည်းစာမေးပွဲဖြေရတော့မှာမလား "
ကိုလတ်ကဝင်ပြောလေသည်။ ကိုလတ်နဲ့ကိုကြီးက အသက်သိပ်မကွာတာကြောင့် မင်းနဲ့ငါလို့သာပြောသည်။ ကိုကြီးကလည်း ထိုအခါမှ ကဏ္ဏမှာစာမေးပွဲရှိသေးကြောင်းသတိရကာ
" ဟုတ်သားပဲ အငယ်ကောင်က စာမေးပွဲရယ်၊ မင်းကျောင်းသားတွေရယ်ကိုပဲအာရုံစိုက်! ဒီကိစ္စကိုစိတ်ထဲထားမနေနဲ့ ကြားလား "
ကိုကြီးနဲ့ကိုလတ် နှစ်ယောက်လုံးက ထိုသို့ပြောပါသော်လည်း သူကဘယ်လိုလုပ် အာရုံမထားပဲနေနိုင်ပါ့မလဲ။ ကိုယ့်အဖေတစ်ယောက်လုံးက ဖောက်ပြန်ပြီး အကြွေးတင်ရတာက သူ့ရဲ့နောက်မိန်းမကြောင့်ဆိုတာ သိရတဲ့အတွက် ဘယ်လိုလုပ်များ စိတ်အေးအေးနေနိုင်ပါ့မလဲ။
သို့သော်လည်း ကဏ္ဏ သူ့အစ်ကိုတွေကိုပြန်မပြောဖြစ်။ တစ်ယောက်သောသူကိုသာ ရင်ဖွင့်ချင်သည်။ ထိုတစ်ယောက်သောသူမှာလည်း သူ့အခက်အခဲနှင့်သူဖြစ်နေတာကြောင့် ကဏ္ဏ ပြောဖို့အခက်တွေ့လေသည်။ သို့သော် သူ့မှာ အစိုင်းက သူ့ကိုနှစ်သိမ့်ပေးစေချင်သည့် အတ္တပါးပါးလေးတော့ ရှိနေသေးသည်။
أنت تقرأ
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
عشوائيBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...