Part 16

555 24 0
                                    

Unicode

အစိုင်းတို့မောင်နှမနှစ်ယောက် ညစာစားပြီးခဏကြာတော့ အိပ်ရာဝင်ဖို့ပြင်ကြသည်။

" ဟဲ့ တံခါးလာဖွင့်ကြစမ်း၊ ငဟန်! မိနှင်းနု၊ တံခါးလာဖွင့်လို့ပြောနေတယ်လေ။ နင်တို့နားတွေကန်းနေကြတာလား "

အော်သံကြားတာကြောင့် သူတို့မောင်နှမနှစ်ယောက် ကိုယ်စီအခန်းထဲကနေထွက်လာလိုက်ကြသည်။

" ညီမလေးက ဘာလို့ထွက်လာတာလဲ၊ အခန်းထဲပြန်ဝင်လေ။ ကိုကိုပဲထွက်လိုက်မယ် "

အစိုင်းကပြောသော်လည်း နှင်းနုကခေါင်းမာစွာနဲ့

" မဝင်ပါဘူး၊ အဲ့မိန်းမကြီးကကောင်းတာမဟုတ်ဘူး၊ ကိုကိုကယောကျာ်းလေးပေမယ့် သူက ကိုကို့ကို မဟုတ်တာတွေလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ အဖေ့နောက်မိန်းမဖြစ်နေပြီးတော့ ကိုကို့ကိုအပိုင်ဖမ်းချင်နေတာ။ ကိုကိုရှာတဲ့ပိုက်ဆံတွေလိုချင်လို့လေ၊ ညီမလေးသိတယ် "

နှင်းနုပြောတာလည်းဟုတ်သည်။ အရင်တုန်းကတော့ နှင်းနုရဲ့ဆေးဖိုးတွေကို ခိုးယူပြီး ယခုရက်ပိုင်းတွေကျတော့ အဲ့မိန်းမက အစိုင်းအပေါ်မှာလေသံပြောင်းလာသည်။ တခါတလေလည်း အစိုင်းအိမ်ထဲမှာရှိနေလျှင် ထမိန်ရင်လျားနဲ့အစိုင်းရှေ့ကနေခေါက်တုံ့ခေါက်ပြန်သွားပြသေးသလို အစိုင်းကို ညုတုတုစကားများလည်းပြောတတ်သေးတာကြောင့် သူရှိနေလျှင် အစိုင်းမှာအခန်းထဲကမထွက်ပေ။

ထို့ကြောင့် နှင်းနုပြောသလိုပဲ မောင်နှမနှစ်ယောက်တူတူအပြင်ကိုထွက်ပြီးတံခါးဖွင့်ပေးလိုက်ကြသည်။

" မိနှင်းနုကဘာလို့လိုက်လာတာလဲ၊ ငဟန်တစ်ယောက်ထဲလာဖွင့်ပေးရင်ရနေပြီကို "

( အန်တီ့ကိုစိတ်မချလို့ပေါ့ *) ဟူသောစကားကိုတော့ နှင်းနုစိတ်ထဲမှာသာပြောလိုက်မိသည်။ အစိုင်းကတော့ဘာမှမပြောပဲ သော့ပြန်ခတ်ပြီးအိမ်ထဲဝင်သွားသည်။

" ငဟန် ငါနင့်ကိုပြောစရာရှိတယ်၊ အခန်းထဲမဝင်သေးနဲ့အုံး "

ထိုမိန်းမကပြောလာတာကြောင့် အစိုင်းပြန်လှည့်ရင်းမေးငေါ့ပြလိုက်သည်။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now