Unicode
အချိန်အားဖြင့်နှစ်လ.... နှစ်လအတွင်းမှာပဲ ကိစ္စတော်တော်များများဖြစ်ပွားခဲ့သည်။ ဥပမာ.. အစိုင်းရဲ့ညီမလေး ရောဂါဖောက်လာလို့ဆေးရုံတင်လိုက်ရတာမျိုး၊ ကဏ္ဏတို့ဆက်ဆံရေးကို ကဏ္ဏအိမ်ကသိသွားတာမျိုးတွေပေါ့။
လွန်ခဲ့သော နှစ်လခန့်က....
ကဏ္ဏက စာမေးပွဲကြီးနီးလာပြီမလို့ စာတွေကျက်နေရ၊ ဂိုက်သင်ပေးနေရနဲ့မလို့ အစိုင်းဆီကိုသိပ်မရောက်ဖြစ်တော့။ နေ့တိုင်းတော့ဖုန်းပြောဖြစ်သည်။ ဖုန်းပြောတဲ့အချိန်တိုင်းမှာလည်း အစိုင်းကိုသာအားပေးစကားပြောပေးရသည်။ ထိုလူသားက ဒီအချိန်မှာစိတ်ထိခိုက်နေမယ်ဆိုတာမလွဲပေ။
တကယ်တော့ ဟိုနေ့ကကိစ္စတွေဖြစ်ပျက်ပြီးသွားကတည်းက အစိုင်းရဲ့မိထွေးက အစိုင်းတို့အိမ်ကနေထွက်သွားခဲ့သည်။ သို့သော် အစိုင်းကတော့ သူအလုပ်သွားတဲ့အချိန် အိမ်မှာတစ်ယောက်ထဲကျန်နေခဲ့မည့် နှင်းနုကိုစိတ်မချလေတာကြောင့် ဒေါ်လေးကိုအကူအညီတောင်းပြီး နှင်းနုနဲ့အတူနေခိုင်းထားရသည်။ ထိုအချိန်ကတည်းက နှင်းနုဟာ နှာခေါင်းသွေးတွေယို၊ ချောင်းဆိုးတဲ့အချိန်သွေးတွေပါလာနှင့်ဖြစ်ခဲ့သော်လည်း ဒေါ်လေးကိုအသိမပေးပေ။
နောက်ထပ်ရက်အတော်ကြာတော့ အစိုင်းရဲ့မိထွေးဖြစ်သူအိမ်ကိုပြန်လာပြီး ပိုက်ဆံထပ်လာတောင်းပြန်သည်။ အကြောင်းမှာကား သူမက နောက်ထပ်တစ်အိုးတစ်အိမ်ထူထောင်မှာမလို့ငွေလိုနေလို့ပါတဲ့လေ။ ထိုနေ့က အစိုင်းက အိမ်မှာမရှိသလို၊ ဒေါ်လေးကလည်း သူ့အမျိုးတွေရောက်နေသဖြင့် နှင်းနုနဲ့အတူရှိနေမပေးနိုင်ပေ။ ဒေါ်လေးက နှင်းနုကိုတစ်ယောက်ထဲကျန်ခဲ့မည်စိုး၍ သူမတို့အိမ်ကိုလိုက်ဖို့ခေါ်သော်လည်း နှင်းနုကငြင်းဆိုတာကြောင့် စိတ်မဖြောင့်စွာပဲချန်ထားခဲ့ရသည်။
ကံဆိုးမှုတွေဆိုတာ အပေါင်းအပါနဲ့ကိုလာတယ်ဆိုတဲ့ စကားဟာမှားတော့မမှားပေ။ တကယ်လည်း အစိုင်းရော ဒေါ်လေးရောမရှိတဲ့နေ့မှာ ထိုမိန်းမကအစိုင်းတို့အိမ်ကိုရောက်လာခဲ့ပြီး နှင်းနုကို အစိုင်းပိုက်ဆံထားတဲ့နေရာကိုမေးလေသည်။ နှင်းနုက မသိဘူးဟုပြောတော့ မသိရကောင်းလားဆိုပြီး နဂိုက အားနည်းနေတဲ့ ရောဂါသည်ကလေးမလေးကို ရိုက်နှက်ပြန်သည်။ နှင်းနုက အရင်နေ့တွေတုန်းက နှာခေါင်းသွေးယို၊ ချောင်းဆိုးတဲ့အချိန်သွေးတွေပါနဲ့ဖြစ်ထားပြီး သွေးအားနည်းကာ မကျန်းမာသေးတာမို့ ထိုမိန်းမရိုက်တာကိုခံနိုင်ရည်မရှိပေ။ အစိုင်းနဲ့ ကဏ္ဏ အစိုင်းတို့အိမ်ကိုရောက်တော့ နှင်းနုက မေ့လဲနေပြီဖြစ်သည်။
ВЫ ЧИТАЕТЕ
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
РазноеBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...