Part 5

1K 39 1
                                    

Unicode

" Hello " 

" ........ " တစ်ဖက်က ဘာ​ပြောလိုက်မှန်းမသိ၊ ' ဝုန်းခနဲ ' ထရပ်လိုက်တဲ့အစိုင်း ။

" ငါ...ငါသွားစရာရှိတယ် ! "

ထိတ်လန့်တုန်လှုပ်​နေတဲ့အစိုင်းကို ယခုပထမဆုံးမြင်ဖူးတာပင်။

" အစိုင်း..ဘာဖြစ်တာလဲ ငါ့ကို​ပြော " 

သူ​​မေး​သော်လည်း အစိုင်းကကြားပုံမ​ပေါ် ။ အစိုင်းရဲ့ ဆိုင်ကယ်​သော့ကိုဆွဲယူလိုက်ပြီး

" အစိုင်း ! ငါဆိုင်ကယ်​မောင်း​မယ်။ မင်းက​နောက်က​နေထိုင်လိုက်​တော့။ မင်းရဲ့ပုံစံကဆိုင်ကယ်​မောင်းလို့မရဘူး။ ဘယ်ကိုသွားမှာလဲ ငါ့ကို​ပြော "

" ​ဆေး..​ဆေးရုံ...​​×××ဆေးရုံကိုသွားရမှာ " 

စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့အစိုင်း​ကြောင့် သူပဲဆိုင်ကယ်​မောင်းပြီး ​သူ​ပြောတဲ့ဆေးရုံကိုလိုက်ပို့​ပေးရသည်။ ​ဆေးရုံကို​ရောက်​တော့ ဆိုင်ကယ်အပ်ပြီးတဲ့အထိ​တောင် မ​စောင့်နိုင်ပဲ ​ပြေးသွားတဲ့အစိုင်း​ကြောင့် ​ကဏ္ဏမှာ ​နောက်က​နေအမှီလိုက်​ရသည်။

" ​ဒေါ်​လေး ! ညီမ​လေး​ရော ! ညီမ​လေးသက်သာလား "

" မသိ​သေးဘူး ဆရာ၀န်​တွေစစ်​နေတုန်းပဲ။ နင်ကခုမှ​ရောက်လာတယ်ငဟန်ရယ်။ ငါ့မှာရင်​တွေပန်း​တွေတုန်လိုက်တာ "

" ကျွန်​တော်လည်း ပိုက်ဆံထွက်ရှာ​နေတာပါ​ဒေါ်​လေးရာ။ ဒီ​နေ့​တော့ ​ညီမ​လေးကို ​ဆရာ၀န်နဲ့ပြမယ်ဆိုပြီး ​ဆေးဖိုးရ​အောင်ထွက်ရှာ​နေတာပါဗျာ "

အစိုင်းနဲ့ ​ဒေါ်​လေးဆိုသူနဲ့ ​ပြော​နေကြတဲ့စကား​တွေကို နား​ထောင်​​နေ​သော်လည်း ကဏ္ဏတစ်ခုမှနားမလည်​ပေ။ သို့​သော် ခဏကြာ​တော့ ဖြစ်​နေတဲ့ပြသနာကို သူနည်းနည်း​တော့ နားလည်သွားသည်။

" နှင်းနုဟန်ရဲ့ အုပ်ထိန်းသူရှိလား " ဆရာ၀န်ကြီးရဲ့အသံ​ကြောင့် စိုင်းဟန်ကချက်ချင်းပင်

" ဟုတ်ကဲ့ ကျွန်​တော်ပါ ဆရာ။ ကျွန်​တော့်ညီမ​လေး အဆင်​ပြေရဲ့လားဗျ "

အသံ​တွေတုန်​နေသည့် အစိုင်းကိုကြည့်ရင်း သူဂရုဏာသက်မိသည်။ အစိုင်းက သူ့ညီမ​လေးကို သိပ်ချစ်ရှာတာပဲ။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ