Part 6

890 34 0
                                    

Unicode

" ကိုနိုင့်သား​လေးပါလား ! ငါ့ဆီဘာလာလုပ်တာလဲ "

" ပိုက်ဆံလာ​ချေးတာပါအန်တီရယ်။ ကျွန်​တော် အခုတစ်သိန်းခွဲ​လောက်လို​နေလို့ပါ "

" ​နေပါအုံး မင်းက အလုပ်မရှိ​တော့ဘူးမဟုတ်လား။ ငါကဘာကိုယုံပြီး ​ချေး​ပေးရမှာလဲ "

" ကျွန်​တော်အလုပ်ရ​တော့မှာပါအန်တီရာ။ မနက်ဖြန် သဘက်ခါဆိုရင်ကို အလုပ်ဆင်းရ​​လောက်ပြီ။ အဲ့ဒါ​ကြောင့်... "

ဆက်မ​ပြော​တော့ပဲ စကားရပ်သွားတဲ့ကဏ္ဏ​ကြောင့် ​ဒေါ်နွယ်နီကပဲ

" အဲ့ဒါ​ကြောင့် ငါက​ချေး​ပေးရမယ်​​ပေါ့။ ​အေး​လေ မင်းအ​ဖေက မယုံရ​ပေမဲ့ မင်းက​တော့ ကတိတည်တဲ့သူပဲ။ ​ချေး​ပေးရမှာ​ပေါ့။ အတိုးက​တော့ ၂၀တိုး​နော်။ တစ်သိန်းခွဲဆိုရင် တစ်ရက်ကို ၃၀၀၀​နဲ့ ၂လ​ပေးရမယ် "

" ဟုတ်ကဲ့ပါအန်တီ "

" ဘယ်​တော့ယူမှာတုန်း မနက်ဖြန်လား "

" ဖြစ်နိုင်ရင် အခုပဲယူချင်တယ်အန်တီ။ ကျွန်​တော်အ​ရေးကြီး​နေလို့ပါ "

" မင်း​တောင် ပိုက်ဆံ​ချေးတတ်လာပြီပဲ။ ငါ့ကို​ပြောတုန်းက​တော့ နင့်အ​ဖေကိုပိုက်ဆံမ​ချေး​ပေးနဲ့​လေးဘာ​လေးနဲ့။ အခုကျ နင်ကိုယ်တိုင်​ချေးလို့ပါလား "

အရစ်ရှည်​နေတဲ့ အန်တီနွယ်နီ့​ကြောင့် အစိုင်းကိုကြည့်လိုက်​တော့ စိတ်မရှည်​တော့သည့်ပုံပင်။ ထို့​ကြောင့်

" အန်တီ မနက်ဖြန်ကစပြီး တစ်ရက်ကို၃၀၀၀ပုံမှန်လာ​ပေးမယ်​နော်။ ဒါမှမဟုတ် ဆယ်ရက်ကိုတစ်ခါ လာ​ပေးရမလား "

" တစ်ရက်တစ်ခါလာ​ပေး "

" ဟုတ်ကဲ့။ ဒါဆို ခွင့်ပြုပါအုံးခင်ဗျ "

အန်တီနွယ်နီဆီက ပိုက်ဆံရတာနဲ့ သူတို့နှစ်​ယောက်လည်း ​ဆေးရုံကိုထွက်လာခဲ့လိုက်ကြသည်။ ဒီတစ်ခါ​တော့ အစိုင်းက ဆိုင်ကယ်​မောင်းတာဖြစ်ပြီး ကဏ္ဏက​တော့ ​နောက်ကထိုင်လိုက်​လေသည်။
~~~~~~~~~

" ငဟန်ရယ် သွားတာကြာလိုက်တာ။ မိနှင်းက နင့်ကို​မေး​နေတာ "

" ဟိုဘွား​တော်နဲ့ပြသနာတက်​နေလို့ပါ​ဒေါ်​လေးရာ "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Donde viven las historias. Descúbrelo ahora