Part 7

747 30 0
                                    

Unicode

' ငါ့ကို ​ဟိုဘွား​တော်က မင်းနဲ့နှိုင်း​​တော့ ငါကမင်းကို မမြင်ရခင်ကတည်းက ကြည့်မရဘူး။ ဒါ​ပေမဲ့ ငါပန်းရံလုပ်​နေတဲ့တိုက်နား​လေးကို မင်းက လက်ဖက်ရည်လာလာ​သောက်တယ်​လေ။ အဲ့ဆိုင်ပိုင်ရှင်ရဲ့မိန်းမက မင်းကဘယ်လို​တော်တာ ဘာညာနဲ့​ပြော​တော့မှ ငါကြည့်မရတဲ့​ကောင်က မင်းမှန်းသိတာ။ မင်းဆီက ပိုက်ဆံလုတုန်းကလည်း ငါ့ညီမ​လေးအတွက်ပိုက်ဆံလို​နေလို့ပါကွာ။

ပြီး​တော့ မင်းက ဂိုက်လုပ်​နေတယ်ဆိုတာ​ရော၊ ည၁၀နာရီ​လောက်မှအိမ်ပြန်​ရောက်တယ်ဆိုတာ​ရော၊ ဆိုင်ကယ်နဲ့သွားရင် ဆီဖိုးကုန်မှာစိုးလို့ နီးနီးနားနား​နေရာ​တွေဆို လမ်း​လျှောက်သွားတတ်တယ်ဆိုတာကို​ရော အဲ့ဒါ​တွေအကုန်လုံးက မင်းအ​မေရှမ်း​ရောင်းရင်း ​ပြော​နေသံကြားလို့ ငါမှတ်မိ​နေတာ။ ညီမ​လေးအတွက်​ဆေးဖိုးမရှိ​တော့ လကုန်နဲ့လည်း တိုက်ဆိုင်​နေတာနဲ့ မင်းလစာထုတ်လာမယ်ထင်ပြီး မင်းပြန်လာမယ့်လမ်းက ​စောင့်​နေခဲ့တာ။ ကံ​ကောင်းတယ်ပဲ​ပြောရမလား၊ မင်းက အဲ့​နေ့တုန်းက တကယ်လစာထုတ်လာတာ​လေ။

အဲ့ဒီပိုက်ဆံ​တွေနဲ့ ငါ့ညီမ​လေးအတွက် ​ဆေး​၀ယ်လိုက်ရတာ​လေ။ ငါစုထားတဲ့ပိုက်ဆံ​တွေက ဟိုမိန်းမယုတ်ကြီးက ခိုးပြီးဖဲရိုက်ပစ်လိုက်လို့ ငါလည်းကြံရာမရဖြစ်ပြီး မင်းဆီကလုရတာ။ ငါတကယ်ပြန်​​ပေးပါ့မယ်။ အဲ့ဒါက ငါပထမဆုံး သူများပိုက်ဆံကို လုယူဖူးတာပဲ။ မင်းပိုက်ဆံယူပြီး ​ဆေးဖိုး​တွေရှင်းလိုက်ရ​ပေမဲ့ ငါလည်းစိတ်မလုံဘူး။ ငါ့​ကြောင့် မင်းအခက်​တွေ့ခဲ့ရင်လည်း ​တောင်းပန်ပါတယ် '

ဟူ​သော အစိုင်းရဲ့ ရှင်းပြသံအဆုံးမှာ​တော့ ကဏ္ဏ အစိုင်းဘက်ကိုလှည့်အိပ်လိုက်ပြီး

" ​​တောင်းပန်စရာမလိုပါဘူးကွာ။ ငါလည်းမှားခဲ့တာပဲ​လေ။ အဲ့ဒီတုန်းက ငါ့​ကြောင့်မို့ မင်းလည်းအလုပ်ပြုတ်ခဲ့တယ်မဟုတ်လား။ ပြီး​တော့ ငါတို့ကဘ၀တူ​တွေပဲ​လေ။ ငါတို့နှစ်​ယောက်စလုံးက မိသားစုပြသနာကိုယ်စီရှိ​နေကြတာပဲ​လေ။ ဘ၀တူ​အချင်းချင်းဆို​တော့ နားလည်ပါတယ် "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Tahanan ng mga kuwento. Tumuklas ngayon