Part 12

587 30 0
                                    

Unicode

သူရိန်နေမင်းကြီးက အရှေ့အရပ်မှနေ၍ တောင်တန်းတို့ကိုကျော်လွန်ကာ ထွက်ပေါ်လာသည့်အချိန်တစ်ခုဝယ် ရွှေစာဟုတင်စားခေါ်ကြတဲ့ စာကလေးငှက်များက တကျီကျီတစာစာအသံပေး၍ အစာရှာနေကြသည်။

" ကိုနိုင်!! ကိုနိုင် သတိထားပါအုံး၊ ကျုပ်ပြောနေတာကြားရဲ့လား ကိုနိုင် !!! "

ကျေးငှက်တို့ရဲ့ တေးသီသံကိုပင် လွှမ်းမိုးထွက်လာတဲ့ ဒေါ်ပန်းမြိုင်ရဲ့အသံကြောင့် ဘုရားစင်ရှေ့မှာအိပ်ပျော်နေတဲ့ ကဏ္ဏနဲ့ အခန်းထဲမှာအိပ်မောကျနေတဲ့ သော်ကတို့ နိုးလာကြသည်။ အမေဖြစ်သူရဲ့ထိတ်လန့်နေတဲ့အသံကြောင့် ကဏ္ဏတို့နှစ်ယောက်သား အော်သံရဲ့လားရာအရပ်ဖြစ်သည့် ဒေါ်ပန်းမြိုင်တို့ရဲ့အိပ်ခန်းသို့ အမြန်ပြေးလာကြသည်။

" အမေ... အမေဘာဖြစ်တာလဲ။ အဖေဘာဖြစ်လို့လဲ "

သော်ကရဲ့မေးသံအဆုံးမှာ ခေါင်းမော့ကြည့်လာသည့် ဒေါ်ပန်းမြိုင်ရဲ့မျက်နှာက မျက်ရည်တို့နှင့်ပြည့်နှက်နေသည်။ အမေ့မျက်နှာပေါ်က မျက်ရည်စတို့ကို မြင်ရသည့်အပြင် အမေ့ရဲ့လက်ပေါ်မှာ လဲလျောင်းနေတဲ့အဖေ့ကြောင့် ကဏ္ဏတို့နှစ်ယောက်အလန့်တကြားနဲ့ အဖေ့နားသို့ကပ်သွားကြသည်။ အမေက သူတို့နှစ်ယောက်ကိုမြင်တာနဲ့

" သားကြီး... သားငယ် နင်...နင်တို့အဖေကနှိုးလို့မရတော့ဘူးသားရဲ့။ အဖေ့ကိုကူနှိုးပေးကြပါအုံး... ကိုနိုင်! ကိုနိုင် ကျုပ်အသံကြားရလား "

ကဏ္ဏတို့ကိုပြောရင်း ဦးနေနိုင်ရဲ့မျက်နှာကိုလည်း လှုပ်ရမ်းနေသည့်အမေ့ကြောင့် ကိုကြီးက အဖေ့ရဲ့လက်ကိုလှမ်းကိုင်လိုက်သည်။ ကဏ္ဏကတော့ သတိလက်လွတ်မတ်တပ်ရပ်နေမိတုန်း....

" အငယ်ကောင်.. ဆရာဝန်သွားပင့်ချေ။ သွား အမြန်သွား "

ကိုကြီးရဲ့စကားကိုကြားတော့မှ ကဏ္ဏသတိပြန်ဝင်လာပြီး အပြင်ကိုအမြန်ထွက်သွားလေသည်။

" အင်း...ဟင်း "

ဦးနေနိုင်ရဲ့ငြီးသံထွက်လာတာကြောင့် ဒေါ်ပန်းမြိုင် သူ့ကိုအမြန်လှုပ်ရမ်းကာ

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Wo Geschichten leben. Entdecke jetzt