Unicode
အိမ်ထဲကိုရောက်တော့ ဖုန်းတစ်လုံးကိုင်ကာ မျက်နှာပျက်နေတဲ့အဖေ...
" အဖေ ဘာဖြစ်လို့လဲ! ကြီးသွယ်တို့ကဖုန်းဆက်လို့လား "
" ဟုတ်တယ် သား။ ဒီလအတွက်ပေးရမယ့် တစ်သိန်းလာမပေးသေးလို့တဲ့ "
" ကျွန်တော် ကိုကြီးကိုခဏစိုက်ခိုင်းထားလိုက်မယ်။ အဖေစိတ်မပူနဲ့နော်။ ဒီလအတွက်ထုတ်လာတဲ့လစာသုံးသိန်းမှာ နှစ်သိန်းခွဲက အန်တီနွယ်နီ့ကိုပေးလိုက်ပြီ။ ကြီးသွယ်တို့ကိုပေးစရာမကျန်တော့ဘူး "
" အေးပါကွာ။ အဖေ့သားကို အဖေတကယ်သနားလာပြီ "
" သားကိုသနားတယ်ဆိုရင်လည်း ထပ်ပြီးမမိုက်ပါနဲ့တော့အဖေရာ။ အရင်လတွေကရော ကြီးသွယ်တို့ကိုပိုက်ဆံပေးဖြစ်လား။ အဖေဘာတွေသုံးလိုက်တာလဲဗျာ "
" ကြီးသွယ်တို့ကိုတော့ ပေးဖြစ်ပါတယ်သားရဲ့။ မနွယ်နီကိုပဲမပေးဖြစ်လိုက်တာ။ အဖေ့အသိတစ်ယောက်က ပိုက်ဆံလိုတယ်ဆိုလို့ သူ့ကိုခဏချေးပေးလိုက်တာ "
" အဖေရာ..ကိုယ်တောင်ပိုက်ဆံမရှိရတဲ့ကြားထဲ။ ပိုက်ဆံပေါနေလို့ကူညီပေးတယ်ဆိုလဲတစ်မျိုးပေါ့ဗျာ "
" သူ့အမေက အရေးပေါ်အခြေအနေမလို့ပါသားရယ်။ မဟုတ်ရင် အဖေလည်းဘယ်ကူညီမှာလဲ။ လူ့အသက်တစ်ချောင်းက ကယ်ကောင်းပါတယ်ကွာ "
" ဟုတ်ပါပြီဗျာ။ အဖေနဲ့ပြိုင်မပြောတော့ပါဘူး။ ကျွန်တော်လည်း အလုပ်တစ်ခုမြန်မြန်ရှာရမယ်။ ခုသင်နေတဲ့ကလေးတွေက စာမေးပွဲဖြေပြီးသွားရင် ကျွန်တော့်မှာလုပ်စရာအလုပ်မရှိတော့ဘူး "
" သားကိုကြီးကို အကူအညီတောင်းကြည့်ပေါ့သားရာ။ ခုက ကိုးတန်းတွေအောင်စာရင်းထွက်ပြီမဟုတ်လား။ ဆယ်တန်းတက်မယ့်ကလေးတွေရှိပါသေးတယ် "
အဖေ့စကားကြောင့် ကဏ္ဏသက်ပြင်းချလိုက်ရင်း
" ဒါပေမဲ့ ခုလို ကျောင်းစ,စဖွင့်ချင်းအချိန်တွေကျတော့ ဂိုက်ငှားမယ့်သူရှားတယ်အဖေရ။ သူတို့က နှစ်တ၀က်ကျိုးမှ ဂိုက်ငှားကြတာ။ အဲ့ဒါကြောင့် ဒီကြားထဲမှာလုပ်ဖို့ အလုပ်တစ်ခုရှာရအုံးမှာ "
YOU ARE READING
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
RandomBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...