Unicode
အစိုင်းတို့ရဲ့အိမ်ကိုရောက်တော့ ဆိုင်ကယ်ကိုအိမ်ထဲထိမောင်းဝင်လိုက်ရင်း
" လာ ကဏ္ဏ... ငါတို့အိမ်ကတော့မြင်တဲ့အတိုင်းပဲ ရေချိုးခန်းမရှိဘူး၊ အိမ်ရှေ့အုတ်ကန်မှာပဲချိုးရမှာ "
ဟုတ်သည်။ အစိုင်းတို့ရဲ့ ရေကန်က ခြံထဲကိုဝင်ဝင်ချင်း ညာဘက်တွင်ရှိသည်။ အလုံပိတ်အခန်းမဟုတ်ဘဲ ရေသိုလှောင်သည့်နေရာကိုသာ အုတ်နှင့်တည်ဆောက်ထားပြီး အောက်မှာတော့ ထိုင်၍ဖြစ်စေ၊ မတ်တပ်ရပ်၍ဖြစ်စေ ရေချိုးနိုင်ရန်အတွက် ကျောက်ပြားတစ်ချပ်ကိုထားထားသည်။ ထောင့်လေးထောင့်မှာတော့ သစ်သားတိုင်များစိုက်ထားပြီး ထိုအပေါ်မှာ သွပ်ပြားကိုမိုးထားလေသည်။ ထိုသွပ်ပြားအပေါ်မှာမှ ကြက်ဟင်းခါးနွယ်တို့က တွယ်တက်နေကြပြီး ကြက်ဟင်းခါးသီးတို့က တွဲလောင်းကျနေသည်။ ရေကန်ကိုတစ်ချက်အကဲခပ်လိုက်ပြီးနောက် အစိုင်းဘက်ကိုလှည့်ကာ
" မင်းကလည်း... ငါကအုတ်ကန်နဲ့လည်းချိုးတတ်ပါတယ်ကွ။ ငါတို့အိမ်မှာလည်းရေချိုးခန်းမှမရှိတာကို။ မင်းတို့ရေကန်ကအိမ်ရှေ့မှာနော်၊ ငါတို့အိမ်ကရေကန်ကကျတော့ အိမ်နောက်ဖေးမှာလုပ်ထားတာ "
" ဟုတ်လား၊ ဘာပဲဖြစ်ဖြစ် မင်းကရေကန်မှာချိုးတတ်တယ်ဆိုတော့ တော်သေးတာပေါ့။ ဒါဆို ရေချိုးနှင့်အုံး ငါအင်္ကျီသွားထုတ်ထားလိုက်မယ်။ အဝတ်တွေလျှော်မနေနဲ့အုံးနော်၊ အဝတ်လျှော်ရင် အိမ်အပြန်နောက်ကျနေအုံးမယ် "
ကဏ္ဏကိုလှမ်းပြောလိုက်ပြီးနောက် အစိုင်း အိမ်ထဲကိုဝင်ကာ ကဏ္ဏနှင့်တော်မည့် အင်္ကျီရှာနေလိုက်သည်။ အိမ်ရှေ့မှာရေချိုးနေတဲ့ကဏ္ဏကတော့ အရင်ဆုံး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟူ၍ ဆိုလိုက်ပြီး မျက်နှာကိုအရင် သစ်လိုက်သည်။ ထို့နောက် ဒူးကိုလောင်းကာ တစ်ကိုယ်လုံးကိုတော့ ဖလားအပြည့်နဲ့ ရေငါးခွက်လောင်းလိုက်ပြီး ဆပ်ပြာတိုက်သည်။ ပြီးလျှင် နောက်ဆုံးပိတ်အနေနဲ့ နောက်ထပ်ရေခုနစ်ဖလား လောင်းချိုးကာ ရေချိုးခြင်းအမှုကိုအပြီးသပ်သည်။
YOU ARE READING
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
RandomBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...