Part 20

716 30 0
                                    

Unicode

" ပြန်လာပြီလား " ကဏ္ဏအိမ်ကိုပြန်ရောက်ရောက်ချင်းမှာပဲ အမေကမေးလေသည်။

" ဟုတ် ပြန်ရောက်ပြီအမေ၊ အဖေ့အတွက်ဆေးသွားယူပြီးပြီလား "

" အေး ယူပြီးသွားပြီ နင့်အဖေကဆီးချိုတွေရောရှိနေလို့ တီဘီဆေးကကိုးလသောက်ရမှာတဲ့၊ အခုတော့ သုံးလစာအရင်ပေးလိုက်တယ်။ နေ့တိုင်းတစ်ရက်မှမပျက်ပဲ အချိန်မှန်မှန်သောက်ရမယ်လို့မှာလိုက်တယ် "

" ဒါဆိုရင် alarmပေးထားလိုက်လေအမေ။ တော်ကြာ အဖေဆေးသောက်တဲ့အချိန်မမှန်ပဲနေလိမ့်မယ် "

ကဏ္ဏစကားကို အမေကခေါင်းညိမ့်လိုက်ရင်း

" အင်း ငါလည်းအဲ့လိုလုပ်မလို့ပဲ။ ဆေးရုံကပြောလိုက်တာကတော့ တစ်ရက်ပျက်တာနဲ့ တစ်ကပြန်စပြီးသောက်ရမယ်ပြောတယ်၊ ရက်ပျက်လို့မရဘူးတဲ့ "

" အဲ့လိုရက်ပျက်လိုက် အစကပြန်စပြီးသောက်လိုက်ဆိုရင် တီဘီပိုးကဆေးကိုနိုင်သွားမှာစိုးလို့နေမှာပေါ့အမေရ "

" ဒါနဲ့ ဆိုင်ကယ်ကိစ္စ အခြေအနေဘယ်လိုရှိလဲ "

ကဏ္ဏ သူ့လွယ်အိတ်ထဲက ပိုက်ဆံ‌သုံးသိန်းခွဲကို အမေ့ကိုထုတ်ပေးလိုက်ရင်း

" တစ်ခါထဲရောင်းလာခဲ့လိုက်တယ်အမေ၊ ကျွန်တော့်သူငယ်ချင်းကူညီတာ၊ ပွဲစားခတောင်မယူလိုက်ဘူး "

" အမလေး မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေတော်။ နင့်အဖေသိလို့မဖြစ်သေးဘူးနော်၊ ဒီပိုက်ဆံနဲ့ သူ့အကြွေးဆပ်စရာရှိတာဆပ်၊ ဆေးဖိုးချန်စရာရှိတာချန် လုပ်ရမှာ "

" အမေမပြောရင်မသိပါဘူးဗျာ။ ကျွန်တော်နဲ့ကိုကြီးနဲ့ဆိုတာက အိမ်မှာအချိန်ပြည့်မနေရတော့ အဖေနဲ့သိပ်ပြီးမှမတွေ့ဖြစ်တာ။ တွေ့နေရတဲ့အမေသာ အစမဖော်မိစေနဲ့ပေါ့ဗျာ "

" အေးပါအေးပါ၊ ငါသိပါတယ်ဟဲ့။ နောက်တော့မှပဲ နင့်အဖေကိုအသစ်တစ်စီး အရစ်ကျနဲ့ဝယ်ပေးလိုက်တော့မယ်၊ အခုတော့ သူလည်းကျန်းမာရေးကောင်းသေးတာမဟုတ်ဘူး၊ ဆိုင်ကယ်ရှိနေရင် ဟိုထွက်ဒီထွက်နဲ့ ဖမ်းလို့ကိုမမိဘူး။ တစ်ခါထွက်ရင် အကြွေးတစ်ခါပါလာတယ် "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now