Part 1

3.1K 88 0
                                    

Unicode

" ​တော့်ဟာကဟုတ်​ရောဟုတ်​သေးရဲ့လား ကိုနိုင်ရယ် "

" ဟုတ်ပါတယ်ဆို ဘာလဲမင်းကငါ့ကိုမယုံတာလား "

( ​၂၅×၃၀​ )ပေ ပတ်လည်​လောက်အကျယ်ရှိသည့် ခြံ၀န်း​လေးထဲရှိကွပ်ပျစ်​ပေါ်မှာထိုင်​နေရင်း စကား​ပြော​နေကြသည်က ဦး​နေနိုင်နဲ့ ​​ဒေါ်ပန်းမြိုင်။

" မယုံတာမဟုတ်ဘူး​လေ​တော်...ဒါ​ပေမဲ့ အရင်တုန်းကလည်း ​တော်ပဲ မမနိုင်တို့​​ပေးလိုက်တဲ့ပစ္စည်းဖိုး​တွေက ခါးပိုက်နှိုက်ခံရတယ်ဆိုလို့ ကျုပ်တို့သားအမိ​တွေက ​ဆပ်​ပေးရပြီးပြီ...အခု တစ်​ကြွေး​ကျေ​ပြီးတာမှ မကြာသေးဘူး ​နောက်ထပ် ပိုက်ဆံကထပ်​ပျောက်လာပြန်ပြီတဲ့ "

" ဟ!! ငါလည်း​ပျောက်ချင်လွန်းလို့​ပျောက်တယ်များမှတ်​နေလား...အခုက ကြီးသွယ်တို့ကို ​စောင်ဖိုး​တွေ​ပေးဖို့ မမနိုင်ကပိုက်ဆံ​ပေးလိုက်တာ...အဲ့ဒါ ဘဏ်​​ရှေ့လည်း​ရောက်​ရော လူတစ်​ယောက်ကငါ့ကိုလာတို့တာ ပြီး​တော့ဘာမှမသိလိုက်ဘူး...ငါသတိ၀င်တဲ့အချိန်ကျ​တော့ ငါ့လက်ထဲကကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ပိုက်ဆံမရှိ​တော့ဘူး "

" လုံခြုံ​ရေး​တွေမရှိဘူးလား​တော် "

" လုံခြုံ​ရေး​တွေရှိလည်း သူတို့ကအ​သေးစိတ်​တွေဘယ်လိုက်ကြည့်နိုင်မလဲဟ...ဘဏ်ကိုလာတဲ့လူ​တွေက နည်းမှမနည်းပဲကို...အခုမင်းကငါ့ကိုအပြစ်တင်​နေတာလား...​ပိုက်ဆံဘဲပါသွားပြီး လူကို​ခေါ်မသွားတာ​တောင်​ကျေးဇူးတင်ရအုံးမယ် "

" ကဲပါ...​အခုက​ရော ဘယ်​လောက်ပါသွားတာတုန်း "

" ၂၉သိန်းပါသွားတာ " ဦး​နေနိုင်ရဲ့စကားကိုကြား​တော့ ​ဒေါ်ပန်းမြိုင်တစ်​ယောက် ရင်ဘတ်ကိုဖိကာ

" ဘာရီး...များလိုက်တာကိုနိုင်ရယ်...အခုကျုပ်တို့ကဘယ်လိုပြန်​လျော်​ပေးနိုင်မှာလဲ "

" ငါ​​တော့ ​ကြီးသွယ်တို့ကို​တောင်းပန်ထား​သေးတယ်... မမနိုင်က ကထိန်ခင်းဖို့ဆိုရင် ကြီးသွယ်တို့ဆီကပဲ ​စောင်​တွေ ​ခေါင်းအုံ​တွေမှာ​နေကျဆို​တော့ ကြီးသွယ်တို့ရဲ့​ဖောက်သည်လိုဖြစ်​နေပြီ​လေ...ပြီး​တော့ မမနိုင်ပိုက်ဆံ​ပေးခိုင်းတိုင်း ငါကပဲသွားသွား​ပေးရတာဆို​တော့ ငါနဲ့လည်းမျက်မှန်းတန်းမိ​နေပြီ...အရင်တုန်းက ကြီးသွယ်တို့ဆိုင်ကိုပဲတိုက်ရိုက်သွား​ပေးရတာပါဟာ...အခုကျမှ ဘာလို့လဲမသိဘူး ဘဏ်က​နေလွှဲခိုင်းလိုက်တာ...တစ်​ခေါက်ဆို ဆိုသ​လောက် လွှဲရမယ့်ပိုက်ဆံ​တွေပါသွားတာပဲ "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now