Unicode
ကဏ္ဏတို့နှစ်ယောက်သား ကဏ္ဏငှားနေတဲ့အိမ်ကိုရောက်လာခဲ့ကြသည်။ ရောက်ရောက်ချင်းမှာပဲ အစိုင်းက
" ဏ... ဘာတွေဖြစ်လာတာလဲ ကိုယ့်ကိုပြောပြပါအုံး။ ကိုယ်မနေ့ညက ညီမလေးဆုံးသွားတဲ့အကြောင်း ဏဆီဖုန်းဆက်ပြီး မပြောဘူးဆိုတာက ဏ စာမေးပွဲနီးနေလို့ ကိုယ့်ကြောင့်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ... အခုက အိမ်နဲ့ဘယ်လိုဖြစ်ရတာလဲ "
ရောက်တာနဲ့ မေးခွန်းတွေတရစပ်မေးနေတဲ့အစိုင်းကို ကဏ္ဏ သောက်ရေတစ်ခွက်ချပေးလိုက်ရင်း
" မင်းစိတ်ပူသွားရင် တောင်းပန်ပါတယ်အစိုင်း၊ မင်းက နဂိုကမှ နှင်းနုကိစ္စနဲ့စိတ်ဆင်းရဲနေရတဲ့အထဲ.. "
ကဏ္ဏစကားကြောင့် အစိုင်း 'ကျစ်' ခနဲ အသံလုပ်လိုက်ရင်း
" မဆိုင်ဘူးလေ ဏရာ၊ ကိုယ့်ကိုပြော ဘယ်လိုဖြစ်ပြီး ဏကအိမ်ကထွက်လာရတာလဲ။ ဏ အမေနှင်ချလိုက်တာလား "
အစိုင်းခန့်မှန်းတာမှန်နေတာကြောင့် ကဏ္ဏမျက်လုံးပြူးသွားကာ
" မင်းဘယ်လိုလုပ်သိတာလဲ "
" ဏက အမေချစ်သားလေးမဟုတ်ဘူးလား၊ ဏကို ဏအမေကချစ်လွန်းလို့ပဲ ကိုယ်နဲ့မပေါင်းစေချင်ခဲ့တာလေ။ အခု အိမ်ပေါ်ကနှင်ချတဲ့အထိဆိုတော့ ဘာလဲ ကိုယ်နဲ့ပေါင်းနေတာသိသွားလို့လား "
အမေချစ်သားတဲ့၊ ချစ်လွန်းလို့တဲ့လား... တကယ်တော့တစ်ခုမှမဟုတ်ပေ၊ သူ့အမေချစ်တာက သူမရဲ့အတ္တနဲ့ဂုဏ်သိက္ခာကိုပင်။ အဲ့ဒါကြောင့်မလို့ပဲ ကဏ္ဏနဲ့အစိုင်းချစ်သူတွေဆိုတာသိသွားတော့ ကဏ္ဏကိုနှင်ထုတ်တာမဟုတ်ပါလား။ ဖောက်ပြန်နေတဲ့အဖေဖြစ်သူကတောင် သူ့ထက်သာပါသေးတယ်တဲ့လေ။ ထိုသို့တွေးမိတော့ ကဏ္ဏနာကျင်စွာပြုံးမိပြန်သည်။
" ဏ... ဘာလို့အဲ့လိုကြီးပြုံးနေရတာလဲ... ဘယ်လိုဖြစ်လာတာလဲကိုယ့်ကိုပြောအုံးလေ "
" တကယ်တော့.... အမေက ငါတို့နှစ်ယောက်ချစ်သူတွေဖြစ်နေတာကိုသိသွားတာ "
အစိုင်း အံ့ဩသွားသည်။
" ဘယ်လိုဖြစ်ပြီး... "
VOUS LISEZ
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
AléatoireBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...