Part 9

594 32 0
                                    

Unicode

ဒီနေ့က အလုပ်စဝင်ရမယ့်နေ့မလို့ ကဏ္ဏတစ်ယောက် အစောကြီးထကာ ပြင်ဆင်နေသည်။ ပြင်ဆင်တယ်ဆိုတာ တခြားတော့မဟုတ်၊ ရေချိုး အဝတ်အစားလဲကာ စနိုးပါးပါးလေးလိမ်းခြင်းသာ။ အစကတော့ သန့်သန့်ပြန့်ပြန့်ဝတ်သွားမလို့ စိတ်ကူးထားပေမဲ့ လုပ်ရမယ့်အလုပ်က ကုန်တင်ကုန်ချဖြစ်တာကြောင့် အိမ်နေရင်းအဝတ်အစားများကိုသာ ဝတ်ဖြစ်သည်။ စနိုးကတော့ အသားပက်လို့လိမ်းရခြင်း။ ဆောင်းရာသီမဟုတ်ပဲနဲ့ကို ပါးပြင်တွေက စပ်ဖြင်းဖြင်းနှင့် အရေခွံတွေလန်လာသဖြင့် စနိုးလိမ်းထားခြင်းပင်။

ပြင်ဆင်ပြီးတာနဲ့ အမေ့ဆိုင်မှာ ရှမ်း‌ခေါက်ဆွဲဝင်စားလိုက်ပြီး အလုပ်ရှိရာ ထွက်လာခဲ့လိုက်သည်။ ကဏ္ဏအလုပ်လုပ်ရမယ့်နေရာက မြစ်ဆိပ်ဘက်မှာရှိတဲ့ ပွဲရုံတစ်ခုဖြစ်သည်။ သူတို့အိမ်ကနေ ပွဲရုံကို နာရီဝက်လောက်ဆိုင်ကယ်မောင်းသွားရသည်။ ဟိုကိုရောက်တော့ အစိုင်းကသူ့ကိုလှမ်းခေါ်သည်။

" ရောက်နေတာကြာပြီလားအစိုင်း "

" သိပ်မကြာသေးပါဘူး၊ လာခဲ့ ငါမင်းကို စီနီယာအစ်ကိုကြီးတွေနဲ့မိတ်ဆက်ပေးမယ်။ ခဏနေရင် ရွာဘက်ကလာတဲ့ ကြက်သွန်ကားတွေရောက်တော့မှာ။ အဲ့ကားတွေရောက်လာရင် ငါတို့က ကြက်သွန်အိတ်တွေကိုသယ်ရမှာ။ မင်းလုပ်နိုင်ပါ့မလား၊ နည်းနည်းတော့လေးတယ်နော် "

အစိုင်းက သူ့ကိုကြည့်နေရင်း စိတ်ပူစွာပြောနေတာကြောင့် အစိုင်းကို စိတ်မပူဖို့သာပြောလိုက်ရသည်။
ဆယ်မိနစ်လောက်နေတော့ ကြက်သွန်ကားတွေရောက်လာတာမို့ သူတို့ရဲ့အလုပ်က စလေသည်။ တစ်ယောက်က ကားပေါ်ကိုတက်လိုက်ပြီး ကြက်သွန်အိတ်တွေကို ချပေးလေသည်။ ကဏ္ဏနဲ့အစိုင်းတို့က ထိုအိတ်တွေကို ပွဲရုံထဲကို ထမ်းပြီးပို့ရသည်။ အလုပ်သမားခေါင်းက စာအုပ်တစ်အုပ်ကိုကိုင်ကာ ဘယ်သူကဘယ်နှအိတ်သယ်လဲဆိုတာကို ရေးမှတ်နေသည်။

ကဏ္ဏတစ်ယောက် ယခုလို အလေးအပင်တွေကို ထမ်းတဲ့အလေ့အကျင့်မရှိတာကြောင့် သုံးအိတ်သယ်အပြီးမှာ မျက်လုံးတွေပြာလာသည်။ နေကလည်း ပြင်းတာကြောင့် ချွေး‌အများကြီးထွက်ကာ ခြေပင်မခိုင်ချင်တော့ပေ။ ထို့ကြောင့် သုံးအိတ်သယ်ပြီးတာနဲ့ လမ်းမှာခဏထိုင်ချလိုက်သည်။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Tempat cerita menjadi hidup. Temukan sekarang