Part 19

581 26 0
                                    

Unicode

ကဏ္ဏတစ်ယောက် ‌အတန်းဆင်းလို့ အိမ်ပြန်ဖို့အတွက် ဆိုင်ကယ်စတန်းကိုထွက်လာခဲ့လိုက်သည်။ ကျောင်းထွက်ပေါက်မှာတော့ အစိုင်းကသူ့ကိုကြိုစောင့်နေသည်လေ။

" သွားရအောင်အစိုင်း။ ဒီနေ့ ငါဂိုက်ပြစရာမရှိဘူး "

အစိုင်း ကဏ္ဏကိုဘာမှမပြောပဲ ကဏ္ဏဆိုင်ကယ်နောက်ကနေသာ သူ့ဆိုင်ကယ်နဲ့လိုက်လာသည်။ တစ်နေရာအရောက်မှာတော့ ကဏ္ဏဆိုင်ကယ်ကရပ်လိုက်သဖြင့် သူလည်းဆိုင်ကယ်ရပ်ပြီး ကဏ္ဏဘေးနားလေးမှာမတ်တပ်ရပ်လိုက်သည်။

" ဘာတွေဖြစ်နေတာလဲ ဏ! မျက်နှာလည်းမကောင်းပါလား "

" တကယ်တော့.... ငါ့အဖေကနေမကောင်းဘူးတဲ့အစိုင်း၊ တီဘီရောဂါအပြင်ကို အသည်းကလည်းရောင်နေသေးတယ်တဲ့။ ပြီးတော့ နောက်ထပ်အကြွေးကလည်းထပ်ရှိနေသေးတယ်တဲ့။ အရင်တစ်ကြွေးတောင်မကျေသေးတာကို အဖေက တခြားဆီကထပ်ပြီးယူထားတာတဲ့၊ အဲ့ဒီကို တစ်လတစ်သိန်းသွင်းရတာ။ အဲ့ဒါက လိုင်စင်ရချေးငွေလုပ်ငန်းတစ်ခုတဲ့၊ ငါ့အဖေကလက်မှတ်ထိုးပြီးယူထားတာ။ အရင်လကလည်း ငါ့အဖေကပိုက်ဆံသွားမသွင်းဘူးတဲ့။ ဒီလပါမသွင်းနိုင်ရင် အဖေ့ကိုတရားစွဲမယ်တဲ့။

ငါတို့မှာရှိတဲ့ပိုက်ဆံကလည်း အဖေ့ဆေးဖိုးတွေနဲ့ကုန်ပြီ။ ငါ့အစ်ကိုကြီးကလည်း လက်ထဲပိုက်ဆံမကျန်တော့ဘူး၊ ကိုလတ်ကလည်း သူ့မိသားစုနဲ့သူပိုက်ဆံကုန်နေတာ။ အဖေ့အတွက်ကလည်း ရှေ့လျှောက် ဆေးဖိုးတွေဘာတွေနဲ့ကုန်အုံးမှာပဲ။ ငါတို့လစာတွေကလည်း အဖေ့အရင်အကြွေးတွေဆပ်နေရတာလေ။ အဲ့ဒါကြောင့် အဖေ့ဆိုင်ကယ်ကို ရောင်းချင်လို့၊ ခဏပေါင်ထားရင်လည်းရတယ်။ မင်းမှာအဲ့လိုလုပ်တဲ့အသိလေးဘာလေးများရှိလား "

" အသိကတော့ရှိပေမဲ့ အဲ့လိုလုပ်လိုက်ရင် မင်းအဖေသွားစရာရှိတော့ဘယ်လိုလုပ်မလဲ။ သူကဆိုင်ကယ်,ကယ်ရီလိုက်နေတာမဟုတ်ဘူးလား "

" အဖေ့ကို လစာနဲ့ကယ်ရီငှားထားတဲ့အစ်မတစ်ယောက်ရှိတယ်။ တစ်လကိုဘယ်လောက်ရလဲတော့ငါလည်းမသိဘူး။ အဲ့အစ်မက ဆိုင်ကယ်မစီးတတ်လို့ ငါ့အဖေကိုလစာနဲ့ငှားထားတာ။ သူအလုပ်သွားအလုပ်ပြန်လိုက်ပို့ပေးရုံပဲ။ ဒါပေမဲ့ အဖေကအခုတလော ကျန်းမာရေးမှမကောင်းတာ။ သူ့ကိုလိုက်ပို့နိုင်မှာလည်းမဟုတ်ဘူးလေ။ အမေကတော့ အဲ့အစ်မကိုဖုန်းဆက်ပြီး အဖေ့အစား တခြားကယ်ရီကိုရှာဖို့ပြောထားတာပဲ။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now