Part 2

1.5K 59 3
                                    

Unicode

ဒီ​နေ့က ၃၁ရက်​နေ့ဖြစ်တာမလို့ ကဏ္ဏ​ပျော်​နေ​လေသည်။ ​ဒါနဲ့ဆို သူ​ဂိုက်ပြတာ ၃လပြည့်​ပြီဖြစ်သည်။ ကိုကြီးရဲ့​ကျေးဇူး​ကြောင့် ဆယ်တန်း​ကျောင်းသားသုံး​​ယောက်ကို ဘိုင်၀မ်းသင်ရ​လေသည်။ ထို့​ကြောင့် တစ်​ယောက်ကိုတစ်သိန်းနှုန်းနဲ့ တစ်လကိုသုံးသိန်း၀င်​လေသည်။ သို့​သော်လည်း သူသုံးဖို့အ​တွက်ငါး​သောင်း​လောက်သာချန်ထားရင်း ကျန်တဲ့ပိုက်ဆံ​တွေကို အ​ဖေ့ကို​ပေး​သည်။

သူတက္ကသိုလ်တက်နေတာလည်း တစ်လရှိပြီဖြစ်သည်။ ဆရာ၀န်တစ်​ယောက်ဖြစ်ချင်ခဲ့ပါ​သော်လည်း ၇နှစ်​လောက်တက်ရမည့်အပြင် ​ငွေကုန်​ကြေးကျလည်းများ​သေးသည့်အတွက် သူလက်​လျှော့ကာ ရိုးရိုးတက္ကသိုလ်ပဲတက်ဖြစ်ခဲ့သည်မှာ ယခုဆို တတိယနှစ်​တောင်​ရောက်​လေပြီ။ ည​နေ​လေးနာရီ​ကျောင်းဆင်းတာနဲ့ သူဂိုက်သင်​နေရတဲ့ ဆယ်​တန်း​ကျောင်းသားသုံး​​ယောက်ဆီကို သွားသင်ရသည်မှာ ည၁၀နာရီအထိ။ ထမင်းကို​တော့ ​ကျောင်းသားတစ်​ယောက်နဲ့​နောက်တစ်​ယောက်ဆီ ကူးသန်းချိန်မှာ ကမန်းကတန်းစားသွားရသည်။

​တော်​သေးသည်က ည၈နာရီခွဲက​နေ ၁၀နာရီထိ၀င်တဲ့​ကျောင်းသားက သူတို့အိမ်နှင့် တစ်ပြနှစ်ပြ​လောက်သာ​ဝေးသည့်အတွက် လမ်း​​လျှောက်သွားရုံနဲ့ပင်ရ​သည်။ ထို့​ကြောင့် ​ကျောင်းသားတစ်​ယောက်ကိုည​နေ၆နာရီက​နေ ၈နာရီထိသင်ပြီး အိမ်ကိုပြန်လာကာ ထမင်းစားပြီးတာနဲ့ ၈ခွဲမှာသင်ရမည့်​ကျောင်းသားအိမ်ကိုလမ်း​​လျှောက်သွားရုံပင်။

ယခု ထို​ကျောင်းသားကိုသင်လာပြီး ည၁၀နာရီ​ရောက်​တော့ အိမ်ကိုပြန်လာတာဖြစ်သည်။ လကုန်ရက်ဖြစ်တာမလို့ လစာတစ်သိန်းထုတ်လာ​လေသည်။ ပိုက်ဆံကို မှတ်စုစာအုပ်ကြားထဲညှပ်ထားပြီး စာအုပ်ကို​တော့ခါးကြားထဲထိုးကာ လမ်း​​လျှောက်လာ​လေသည်။ အ​ဖေတို့ကဆိုင်ကယ်ယူသွားခိုင်း​သော်လည်း အိမ်သိပ်မ​ဝေးတာ​ကြောင့် သူ​က​တော့ခြေလျင်ပဲသွားသည်။ ည၁၀နာရီဆိုလျှင်​တော့ အပြန်လမ်းက နည်းနည်း​မှောင်​လေသည်။ သို့​သော်လည်း သူအသွားအပြန်လုပ်​နေတာ သုံးလပင်ရှိသွားပြီမလို့ ​မှောင်​နေလည်းမ​ကြောက်​တော့​ပေ။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Tempat cerita menjadi hidup. Temukan sekarang