Part 8

657 28 0
                                    

Unicode

ကဏ္ဏ အိမ်​ရောက်​တော့ တ​ရေးတ​မောအိပ်​နေတုန်း ​ခေါင်းရင်းမှာထားထားတဲ့ ဖုန်းဆီက ringtoneသံမြည်လာသဖြင့်

" Hello ၀ှား အစိုင်း ​ပြော "

" ​အေး ကဏ္ဏ... ခဏ​နေရင်မင်းကို လာ​ခေါ်​​တော့မလို့ ဖုန်းလှမ်းဆက်လိုက်တာ "

မဖြစ်​သေး...အစိုင်းကိုအ​မေမြင်သွားလို့မဖြစ်​ပေ။ မမြင်ဖူး​သေးတာ​တောင် အစိုင်းကိုအမြင်မကြည်ဖြစ်​နေတဲ့အ​မေဟာ...ဆံပင်ဂုတ်​ထောက်နဲ့၊ ကဏ္ဏနဲ့ နှင်းနုတို့နဲ့ အတူရှိ​နေတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်​တွေဆို မျက်နှာမှုန်​တေ​တေဖြစ်​နေတဲ့ အစိုင်းကိုမြင်လျှင် ပိုပြီး​တော့​တောင် မျက်မုန်းကျိုးသွား​ပေလိမ့်မည်။

" ​ဟေ့​ကောင်ကဏ္ဏ ငါ​ပြောတာ​ရော နား​ထောင်​နေရဲ့လား "

" ဟမ်...​အေး နား​ထောင်​နေပါတယ်ကွ၊ ဒါနဲ့အစိုင်း ငါ​လေ ငါတို့လမ်းထိပ်ကပဲ​စောင့်​နေ​တော့မယ်​နော် "

" ​ဘာလဲ မင်းအ​မေက ငါနဲ့​ပေါင်းတာသိသွားပြီး ငါ့ကို သ​ဘောမကျဘူးတဲ့လား "

" မဟုတ်ပါဘူးအစိုင်းရာ၊ ငါ့အ​မေက အဲ့လိုကိစ္စ​တွေ၀င်ပြီးမစွက်ဖက်တတ်ပါဘူးကွ၊ အခုဟာက မင်းကိုငါတို့အိမ်ထိလာ​ခေါ်ခိုင်းရမှာအားနာလို့ "

" ​အေးပါ၊ ဒါဆိုလည်း မင်းသ​ဘောပဲ "

" ​ဒါဆို ငါဖုန်းချလိုက်​တော့မယ်​နော် "

" ​အေး​အေး ခဏ​နေရင် ငါ​ရောက်​တော့မှာ။ မင်းထွက်​စောင့်ရင်​စောင့်​တော့ "

အစိုင်းဖုန်းချသွားတာနဲ့ ကဏ္ဏ အ၀တ်အစားလဲပြီး အပြင်ကိုထွက်လာလိုက်သည်။

" သားငယ် ဘယ်သွားအုံးမလို့လဲ။ ခုနကမှပြန်​ရောက်တာ​လေ "

" သားသူငယ်ချင်းက အလုပ်ရှာ​ပေးမယ်​ပြောထားလို့ပါအ​ဖေရဲ့။ အ​ဖေက​ရော ဘယ်သွားမလို့လဲ။ ရှိုး​တွေဘာ​တွေထုတ်လို့ "

" အ..အ​ဖေက ​​ဘောလုံးပွဲသွားကြည့်မလို့ပါသားရဲ့ "

မျက်နှာလွှဲကာ​ပြော​နေတဲ့အ​ဖေ့​ဟာ ညာ​ပြော​နေမှန်းသိသာလှသည်။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ