Part 18

539 22 0
                                    

Unicode

" မင်းကဘယ်တွေသွားနေလို့ခုမှပြန်ရောက်လာတာလဲ၊ အဖေနေမကောင်းတာမသိဘူးလား "

အိမ်ထဲဝင်လိုက်တာနဲ့တန်းပြီးကြားလိုက်ရတဲ့ကိုလတ်အသံကြောင့် ကဏ္ဏတစ်ချက်တော့လန့်သွားရသည်။ သူကသူ့စိတ်ကူးနဲ့သူ ဝင်လာတာမဟုတ်လား။

" ဪ ကိုလတ်ပဲ၊ ဘယ်တုန်းကရောက်နေတာလဲ "

" ကြာပြီ၊ ငါမေးတာဖြေစမ်းပါအုံး၊ မင်းကဘယ်တွေသဝေထိုးနေလို့ ခုမှပြန်လာရတာလဲ! အဖေနေမကောင်းဘူးဆိုတာမသိဘူးလား "

အဖေနေမကောင်းတာကိုသိတဲ့အပြင်ကို အဖေနောက်ထပ်အကြွေးတင်နေတယ်ဆိုတာပါသိလိုက်ရသဖြင့် အစိုင်းကိုရင်ဖွင့်ဖို့အတွက်သွားခဲ့တာ၊ သူ့အိမ်ကအကြောင်းတွေမပြောလိုက်ရပဲ ရည်းစားတစ်ယောက်ကောက်ရတာပဲအဖက်တင်လာသည်လေ။ ဒီအကြောင်းတွေ ကိုလတ်ကို ပြောလို့မှမဖြစ်ပဲ!

" ကျွန်တော်က ပိုက်ဆံလေးဘာလေးများရမလားလို့ သွားရှာကြည့်တာပါကိုလတ်ရာ "

သူ့စကားကြောင့် ကိုလတ်ကခပ်တင်းတင်းကြည့်ကာ

" မင်းကပါငွေတိုးချေးနေရပြီလား! အဲ့လိုမလုပ်နဲ့နော်ဟေ့ကောင်! အဖေတစ်ယောက်ထဲနဲ့တင်ကိုလုံလောက်နေပြီ "

" မဟုတ်ပါဘူးကိုလတ်ရာ၊ ကျွန်တော်ကသူငယ်ချင်းတွေဆီကနေအကူအညီတောင်းဖို့သွားတာပါဗျာ "

" ဪ အဲ့တော့ ချေးလို့ရခဲ့လား "

ကဏ္ဏခေါင်းခါပြလိုက်ရင်း

" ပိုက်ဆံတော့မရခဲ့ပါဘူး " (ရည်းစားပဲရလာတာ*)

နောက်ဆက်တွဲစကားကိုတော့ စိတ်ထဲမှာသာပြောဖြစ်သည်။

" ဒါနဲ့ကိုလတ် အမေတို့ပြန်လာပြီလား! အဖေ့အခြေအနေကဘာတဲ့လဲ ကိုကြီးကရော ဘယ်သွားတာလဲ၊ ကိုလတ်ကဘယ်လိုလုပ်ဒီရောက်လာတာလဲ "

သူက မေးခွန်းတွေတရစပ်မေးနေသဖြင့် ကိုလတ်ကသူ့ကိုမယုံသင်္ကာနဲ့ကြည့်လိုက်ရင်း

" ကဏ္ဏ! မင်းတစ်ခုခုမဟုတ်တာလုပ်လာတယ်မလား! ခါတိုင်း မင်းကဒီလိုစကားမများဘူးပါဘူး! အခုက ငါ့ကိုစကားလမ်းကြောင်းလွှဲချင်နေတာအသိသာကြီး "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Où les histoires vivent. Découvrez maintenant