Unicode
အစိုင်း သူ့နဖူးပေါ်မှာတင်ထားတဲ့လက်ပိုင်ရှင်ကိုကြည့်လိုက်တော့ ကဏ္ဏက သူ့လက်ကိုပြန်ချလိုက်ပြီး
" အာ.. ငါက မင်းနေမကောင်းဘူးထင်လို့၊ ခါတိုင်း ငါတို့တွေ့တဲ့အချိန်တွေဆိုရင် မင်းကစကားတွေအများကြီးပြောနေကျလေ။ အခုဘာမှမပြောပဲ ထမင်းကြည့်စားနေလို့ နေများမကောင်းတာလားလို့ "
သူ့ကိုရှင်းပြနေတဲ့ကဏ္ဏကိုကြည့်လိုက်ရင်း
" အင်းပါ ငါကဘာပြောနေလို့လဲ။ ကဲ ကဲ ထမင်းအမြန်စား ပြီးရင်မင်းကကျောင်းပြန်သွားရမှာမလား "
အစိုင်းစကားကို ကဏ္ဏခေါင်းညိမ့်ပြလိုက်ရင်း
" အော် ဒါနဲ့အစိုင်း "
အစိုင်းက သူ့ကိုခေါ်သဖြင့် မေးငေါ့ပြလိုက်သည်။
" ဒီညနေကျရင် ငါမင်းအိမ်ကိုလိုက်ခဲ့မယ်။ ဒီနေ့က နှင်းနုကိုဆေးရုံပြရမယ့်နေ့မလား "
" အင်း... ဒါပေမယ့် မင်းကစာသွားသင်ပေးရအုံးမှာမဟုတ်ဘူးလား "
" ဒီနေ့ပိတ်တယ် ဟဲဟဲ။ ငါလိုက်ခဲ့မယ်လေ နော် "
" မင်းတပည့်တွေရော စာလိုက်နိုင်ကြလား။ စာသင်ရတာဘယ်လိုလဲ "
" အခြေအနေကတော့မဆိုးဘူးပဲပြောရမှာပေါ့။ သိပ်တော့အားမရချင်ဘူး သူတို့ကပျင်းကြတယ်ကွ။ ဒါနဲ့အစိုင်း ငါအားတဲ့အချိန် နှင်းနုကိုစာသင်ပေးရမလား။ သူကအခု ခြောက်တန်းခုနစ်တန်းလောက်ရှိပြီမလား "
အစိုင်း မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း
" မင်းမှာအချိန်ပိုမကျန်တော့ဘူးလေကွာ၊ ရပါတယ် မသင်ပါနဲ့ ညီမလေးကဒီနှစ်ကျောင်းနားထားတာ "
" ကိစ္စမရှိပါဘူး ငါအားတဲ့အချိန်လာသင်ပေးလို့ရတာပဲကို။ အခုကျောင်းနားထားလည်း နောက်နှစ်ကျပြန်တက်မှာပဲမလား အဲ့အချိန်ကျရင် သူကျူရှင်ယူစရာမလိုတော့ဘူးလေ၊ ငါကြိုပြီးသင်ပေးထားမှာပေါ့ "
ကဏ္ဏက ဇွတ်ပြောနေတာကြောင့် အစိုင်းလက်ခံလိုက်မိသည်။ အဲ့လိုဆိုရင် သူလည်းကဏ္ဏနဲ့ပိုပြီးတွေ့နိုင်တော့မည်မဟုတ်ပါလား။
أنت تقرأ
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
عشوائيBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...