Part 23

713 27 1
                                    

Unicode

အိမ်ကိုပြန်ရောက်တော့ သူ့ကိုစောင့်နေပုံရသည့် ဒေါ်ပန်းမြိုင်ကိုတွေ့လိုက်ရသည်။

" အမေ သားပြန်လာ... "

~ ဖြန်း ~

စကားတောင်မဆုံးသေးခင် ကဏ္ဏရဲ့ပါးတစ်ဖက်ပူထူသွားရသည်။ ကဏ္ဏ.. အရိုက်ခံလိုက်ရတဲ့ပါးကိုကိုင်ကာ အမေ့ကိုမယုံနိုင်စွာကြည့်မိသည်။

" အမေ ကျွန်တော့်ကိုဘာလို့ရိုက်တာလဲ "

" ဘာလို့လဲ..ဟုတ်လား!! နင်ခုနတုန်းက လမ်းထိပ်မှာဘာလုပ်နေတာလဲ!! လူမြင်ကွင်းကြီးတောင်မရှောင်နိုင်အောင်ဖြစ်နေကြတာပေါ့လေ! နင်နဲ့နမ်းနေတဲ့လူက မိန်းကလေးလည်းမဟုတ်! အကောင်တစ်ကောင်နဲ့နမ်းနေကြတာ!! အဲ့ကောင်က ဘယ်ကကောင်လဲ! ဧကန္တ မလှသဇင်ရဲ့ လင်ပါသားမလား! ဟိုအရိုင်းအစိုင်းကောင်လေ ဟုတ်တယ်မလား !! "

တရစပ်ပြောနေတဲ့အမေ့ကြောင့် ကဏ္ဏလက်ကာပြလိုက်ရင်း

" အမေ ကျွန်တော်ရှင်းပြ.. "

သူတောင်ရှင်းမပြရသေး၊ စကားကိုဖြတ်ပြောလာတဲ့အမေ...

" ဘာကိုရှင်းပြအုံးမှာလဲ သားမိုက်ရဲ့! နင်ကယောကျာ်းချင်းကြိုက်တဲ့ကောင်ဆိုတာကိုလား! နင်နဲ့ကြိုက်နေတဲ့ကောင်က ဟိုအရိုင်းအစိုင်း မိမဆုံးမဖမဆုံးမအကောင်ဆိုတာကိုလား! ဟမ် ငါ့မှာတော့ မလှသဇင်က နင်တို့နှစ်ယောက်ဖြစ်နေကြပါတယ်ဆိုတာကိုလာပြောတုန်းက မဟုတ်လောက်ပါဘူး၊ ငါ့သားကယောကျာ်းချင်းကြိုက်တဲ့ကောင်မဟုတ်ပါဘူးဆိုပြီးတွေးနေတာ! အခုတော့ ငါ့မျက်စိနဲ့ကိုတပ်အပ်မြင်ခဲ့ရပါရောလား! နင် အဲ့မိမဆုံးမ ဖမဆုံးမအကောင်နဲ့ အခုချက်ချင်းဖြတ်! အဲ့အကောင်က သူ့ထက်အသက်ကြီးတဲ့ မလှသဇင်ကိုတောင် ဓားကြိမ်းကြိမ်းထားတဲ့အရိုင်းအစိုင်းကောင်! "

" အမေတော်ပါတော့!! ဘာလို့များအစိုင်းကို မိမဆုံးမ ဖမဆုံးမဆိုပြီးပြောနေရတာလဲ! အစိုင်းကလူကောင်းပါအမေရ! အမေ့ရဲ့ လှသဇင်ဆိုတဲ့မိန်းမကြီးကသာ အစိုင်းကို... "

ကဏ္ဏစကားတောင်မဆုံးသေး အမေကထပ်ပြီးဖြတ်ပြောပြန်သည်။

" တော်စမ်း!! နင့်အကောင်ကိုပြောတော့ နာတယ်ပေါ့လေ! ငါပြောတာမဟုတ်လို့လား! နင့်အကောင်မှာ ဆုံးမပေးမယ့်လူရှိလို့လား! မရှိလို့ပဲ လူကြီးလူကြီးမှန်းမသိ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောနေတာမဟုတ်ဘူးလား! ဒီလောက်ယုတ်မာနေတဲ့အကောင်ကို နင်မလို့ကာကွယ်ပြီးပြောနေသေးတယ်! "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now