Part 25

1K 36 0
                                    

Unicode

အဟက်!! ယောကျာ်းချင်းကြိုက်တဲ့ကောင်မလို့ စာသင်တာတောင် ယောကျာ်းလေးတွေကိုပဲသင်ပေးတာတဲ့လား.... ပြောထွက်လိုက်ပါဘိ... ဒီလိုအရွယ်တွေဆိုတာ စိတ်ကစားတတ်တာမလို့၊ ကျောင်းသူတွေကိုသင်ပေးလျှင် အချိန်ကြာလာတဲ့အခါ အနေနီးပြီး အသက်သိပ်မကွာတဲ့သူ့အပေါ်ကို စိတ်တွေယိမ်းယိုင်လာပြီး စာတွေနှောင့်နှေးမှာစိုးလို့ ကျောင်းသူတွေကိုမသင်ဘူးဟုပြောရခြင်းသာ.....

သူစာသင်ပေးခဲ့ရတဲ့ကျောင်းသားတွေအပေါ်မှာလည်း ကိုယ့်တပည့်၊ ကိုယ့်ညီဟုသဘောထားပြီး တတ်သမျှမခြွင်းမချန်သင်ပေးခဲ့သည်။ ဘယ်ကျောင်းသားအပေါ်မှာမှ မရိုးဖြောင့်တဲ့စိတ်မထားခဲ့ဖူးပါပေ.... အမေကဘာကြောင့်ဒီလိုပြောရက်ပါသလဲ...

သူစိမ်းကပြောရင်တောင်မှ သူခံနိုင်ရည်ရှိသေးသည်၊ လျစ်လျူရှုလိုက်လို့ရသေးသည်။ ဒါပေမယ့်... ဒါပေမယ့်လို့ ဒါတွေက သူ့ကိုမွေးပေးခဲ့တဲ့ အမေအရင်းရဲ့ပါးစပ်ကထွက်လာတဲ့စကားတွေတဲ့လား.... သူအရင်ကအမေတို့အဖေတို့ရဲ့စကားကိုနားထောင်ပြီး ရသမျှလစာတွေအပ်ခဲ့တာက ဒီအချိန်မှာဘာမှမဟုတ်တော့ဘူးတဲ့လား... ယောကျာ်းတစ်‌ယောက်ကိုချစ်နေတယ်ဆိုတာကို သိသွားတာနဲ့ အရင်ကကောင်းခဲ့ဖူးတာတွေက အကုန်လုံးမြောင်းထဲရောက်ကုန်တာလား.....

နာသည်.... ရင်ထဲအသည်းထဲကထိ နာသည်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး ကူညီဖေးမပေးတာတွေမလုပ်ပေးတဲ့အပြင် ထိပ်ဆုံးကနေ သူ့ကိုစက်ဆုတ်ရွံရှာသဖွယ် ပြောဆိုဆက်ဆံနေကြတဲ့လူတွေက သူ့မိသားစုဖြစ်နေတာကြောင့် ပို၍ပင်နာသည်။ ရင်ထဲကနာကျင်မှုနဲ့အပြိုင် မိုးကရွာသွန်းလာသည်။ ရင်ထဲမှာ မျက်ရည်မိုး၊ မျက်လုံးအစုံကမျက်ရည်မိုးတို့ဟာ ကောင်းကင်ပေါ်ကကျလာတဲ့မိုးနှင့် ပေါင်းဆည်းသွားခဲ့သည်။

ခြေဦးတည့်ရာထွက်လာခဲ့တာကြောင့် ဘယ်ဆီရောက်နေသလဲဆိုတာသူမသိ။ မိုးအရမ်းသည်းနေတာကြောင့် ပတ်ဝန်းကျင်ကိုလည်းသိပ်ပြီးကောင်းကောင်းမမြင်ရပေ။

မိုးသည်းထဲမှာ ဒယိမ်းဒယိုင်လမ်းလျှောက်နေတဲ့ကောင်လေးတစ်ယောက်... လက်ထဲမှာလည်း အရက်ပုလင်းကကိုင်ထားသေးသည်။ တကယ်တော့ ကဏ္ဏမှာ ဒီအသက်အရွယ်ထိ အရက်ကိုမဆိုထားနှင့် ဘီယာတွေ ဝိုင်တွေကိုပင်မတို့မထိဖူးပါ။ သို့သော်လည်း ယခုအချိန်မှာ သူအရာအားလုံးကိုမေ့သွားချင်သည်။

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now