Unicode
စားလို့သောက်လို့ပြီးသွားတော့ အစိုင်းကဘူးခွံတွေကို လွှင့်ပစ်ဖို့ ထွက်သွားလေသည်။ ကဏ္ဏတစ်ယောက်ကတော့ သစ်ပင်အောက်မှာသာကျန်နေခဲ့သည်။ ခဏနေတော့ ဗိုက်ထဲထမင်းလုံးစီရင်းနဲ့ မျက်လုံးကစင်းလာပြီး အိပ်ချင်လာသည်။ သို့သော်လည်း အစိုင်းကပြန်ရောက်လာပြီး လက်ထဲမှာလည်း လက်ဖက်ရည်ထုတ်ကပါလာသဖြင့်
" လက်ဖက်ရည်ထုတ်ကြီးကဘာလုပ်ဖို့လဲ "
" ဪ လက်ဖက်ရည်ထုတ်ဝယ်လာပါတယ်ဆိုမှတော့ သောက်ဖို့ပဲပေါ့ဟ! ဘာလို့လဲ "
ကဏ္ဏခေါင်းကိုခါရမ်းပြလိုက်ရင်း
" ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ဘယ်နားကသွားဝယ်လာတာလဲ "
" ဒီနားလေးက လက်ဖက်ရည်ဆိုင်က ဝယ်လာတာပါကွာ။ လာ မင်းအကြိုက်ပုံမှန်ဖျော်ခိုင်းထားတယ်။ ထပြီးသောက်လိုက်အုံး၊ အချိုေသာက်ပြီးမှ ပြန်အိပ် ဟုတ်ပြီလား "
အစိုင်းဝယ်လာတဲ့ လက်ဖက်ရည်ကို ပလက်စတစ်ခွက်နှစ်ခွက်ထဲထည့်လိုက်ပြီး အစိုင်းကိုတစ်ခွက်ကမ်းပေးလိုက်သည်။
" ငါတို့က ပျော်ပွဲစားထွက်လာတာကျနေရောပဲ "
ကဏ္ဏရဲ့ခေါင်းကို အစိုင်းအသာအယာ ပုတ်လိုက်ရင်း
" မင်းကလည်း ထမင်းစားပြီးလို့အချိုတည်းတာလေ "
စကားစကိုရပ်ထားလိုက်ပြီး အစိုင်းက သူ့ရဲ့လက်ထဲမှာရှိတဲ့ လက်ဖက်ရည်ခွက်ကို အပူသက်သာအောင် တဖူးဖူးနဲ့ မှုတ်လိုက်ပြီး အနည်းငယ်အေးသွားတော့ ကဏ္ဏကိုပေးလိုက်သည်။
" ရော့ ဒါသောက်၊ ဒါကသိပ်မပူတော့ဘူး။ သောက်ပြီးရင် ခဏမှေးလိုက်အုံး "
" အေး ကျေးဇူးပဲ "
အစိုင်းပေးလာတဲ့လက်ဖက်ရည်ကို တစ်ဂျိုက်တည်းသောက်လိုက်ပြီး
" ကောင်းလိုက်တာကွာ၊ ငါတစ်ရေးလောက်အိပ်လိုက်အုံးမယ်။ ဂေါ်ဖီကားရောက်လာရင်နှိုးအုံးနော် "
" အေးပါ၊ စိတ်ချလက်ချသာအိပ်၊ ကားရောက်တာနဲ့နှိုးပေးမယ် ဟုတ်ပြီလား "
အစိုင်းရဲ့အာမခံစကားကြောင့် ကဏ္ဏစိတ်ချလက်ချနဲ့ ပင်စည်ကိုမှီရင်း အိပ်လိုက်သည်။ အစိုင်းကတော့ လက်ကျန်လက်ဖက်ရည်ကိုမော့လိုက်ရင်း ကဏ္ဏရဲ့ဘေးနားမှာဝင်ထိုင်လိုက်သည်။
ŞİMDİ OKUDUĞUN
နာကျင်မှုတို့အလွန် ( နာက်င္မႈတို႔အလြန္ ) [ Completed ]
RastgeleBoy×Boy Can read with both Zawgyi and Unicode Start date >>> 1.11.2020 End >>> 17.4.2021 (နှစ်ဆန်းတစ်ရက်နေ့) •••••••••• ကိုယ်စီမိသားစုပြသနာတွေရှိနေတဲ့ကြားထဲက ချစ်မိသွားကြတဲ့သူတို့နှစ်ဦး..... ပတ်၀န်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ မိသားစုကပေးတဲ့ နာ...