Part 14

520 25 0
                                    

Unicode

" အငယ်ကောင် "

ကိုကြီးရဲ့ခေါ်သံကြောင့် ကဏ္ဏအိမ်ထဲကိုဝင်မည်ပြု‌ရာကနေ အိမ်ရှေ့ကွပ်ပျစ်ပေါ်ကိုဝင်ထိုင်လိုက်ပြီး

" ဘာခိုင်းမလို့လဲကိုကြီး "

" ခိုင်းစရာတော့မရှိပါဘူး၊ ငါ့ကိုကျောင်းသားအသစ်တွေလာအပ်ထားလို့၊ အဲ့ဒါမင်းကိုလွှဲပေးမလို့၊ လုပ်မှာလား "

" ကျောင်းသားလား ကျောင်းသူလားကိုကြီး "

" ကျောင်းသူတွေချည်းပဲ နှစ်ယောက်၊ နှစ်ယောက်လုံးရက်ပီတာတွေ သင်မှာလား "

ကျောင်းသူဆိုသည့်စကားကြောင့် ‌ကဏ္ဏခေါင်းကိုခါရမ်းလိုက်ကာ

" တော်ပြီကိုကြီး၊ ကျောင်းသူတွေဆိုရင်တော့ မသင်ချင်သေးဘူး။ ကျောင်းသားတွေလာအပ်မှ ကျွန်တော့်ကိုလွှဲပေးတော့နော် "

" ကျောင်းသူတွေလည်းဘာဖြစ်လဲသားရယ်၊ ကျောင်းသားဖြစ်ဖြစ် ကျောင်းသူဖြစ်ဖြစ် ပိုက်ဆံတူတူရမှာပဲဟာကို " ညီအစ်ကိုနှစ်ယောက်ရဲ့စကားဝိုင်းထဲကိုရောက်လာတာက ဒေါ်ပန်းမြိုင်ပင်....

ဒေါ်ပန်းမြိုင်စကားကြောင့် ကဏ္ဏ ဒေါ်ပန်းမြိုင်ကိုကြည့်လိုက်ရင်း

" အမေမသိပါဘူးဗျာ၊ ကိုကြီး ကျွန်တော်ပြောသလိုပဲလုပ်ပေးနော်၊ လောလောဆယ်က ကျွန်တော့်မှာလည်း အလုပ်နှစ်ခုလောက်ရှိသေးတယ် "

ကဏ္ဏရဲ့တောင်းဆိုမှုကြောင့် သော်က ဘာမှဆက်မတိုက်တွန်းတော့သော်လည်း ဒေါ်ပန်းမြိုင်ကတော့ သိပ်ပြီးမကျေနပ်ချင်ပေ။ တစ်ယောက်ကိုတစ်သိန်းနှုန်းနဲ့ နှစ်သိန်းရမည့်ကိန်းကို ကဏ္ဏက လက်လွှတ်လိုက်တာကြောင့်ပင်။

ကဏ္ဏလည်း သူ့အမေအကြောင်းကိုသိသူပီပီ အမေဖြစ်သူရဲ့ပုခုံးကိုအသာပုတ်လိုက်ရင်း

" အမေကလည်းဗျာ၊ နှစ်သိန်းကိုနှမြောမနေပါနဲ့။ လောလောဆယ် သားမှာလည်းအလုပ်ရှိနေတာပဲလေ။ ပြီးတော့ သားကလုံးဝဂိုက်မလုပ်တော့ဘူးလို့ပြောနေတာမှမဟုတ်တာ။ ကျောင်းသားဆိုရင် သင်ပေးမယ်လို့ပြောတာလေအမေရဲ့ "

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now