⚡Chapter (22)⚡

1.2K 138 33
                                    

*Zawgyi*

သုခမြိုင်စံအိမ်...

ဒီနေ့ ပါး ကုမ္ပဏီသွားသည့်အချိန်၊ပါးလစ်တုန်း ဦးပိုင်၏ဆန္ဒအရ ဘုံလေးတို့ စံအိမ်တွင် ဘုန်းကြီးငါးပါးပင့်ကာဆွမ်းကပ်အမျှဝေခဲ့ကြသည်။

ဖန်ဆွတ်ရေရောင်သင်္ကန်းများဝတ်ဆင်ထားသည့် ဘုန်းကြီး၅ပါးကို ဦးပိုင်မှ ဦးဆောင်၍ သန့်စင်သောအဝတ်နှင့် ခြေလက်သန့်စင်ပေးပြီးမှ အိမ်ထဲသို့ ဝင်စေသည်။ထို့နောက် ကြီးကျယ်ခမ်းနားလှသော စံအိမ်ဧည့်ခန်းတွင် မယ်မယ့်ဓာတ်ပုံအောက်တည့်တည့်၌ ဘုန်းကြီးများကို နေကထိုင်များခင်းပေးကာ နေရာချသည်။ရွတ်ဖတ်သရဆယ်ရမည့် မယ်မယ်၏နာမည်ကို ဘုန်းကြီးများအား အသေအချာလျှောက်တင်ပြီး ဦးပိုင်စိုးနိုင်နှင့်မိုးသုခဘုံတို့ အေးချမ်းစွာတရားနာယူကြသည်။ဘုန်းကြီးများ ရွတ်ဆိုနေကျအတိုင်း မေတ္တသုတ်နှင့်သီလယူခြင်းလုပ်ငန်းများပြီးဆုံးသည့်အခါ မယ်မယ့်နာမည်ကို ခေါ်ကာအမျှဝေကြသည်။

"လွန်ခဲ့သော ၁၈နှစ်ခန့်က ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့သော မယ်မယ်(ခေါ်)ဒေါ်တမာခိုင် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓုသာဓုသာဓု"

ဘုန်းကြီးများတိုင်ပေးသည့်အတိုင်း ဦးပိုင်နှင့်ဘုံလေးတို့ ရေစက်သွန်းချ အမျှဝေကြသည်။ထိုအချိန် စားပွဲပေါ်တွင်တင်ထားသော ပါး၏ အဆောင်အယောင်သဘောနှင့်မွေးထားသည့် ဖန်ဘူးထဲတွင်ထည့်လှောင်ထားသော လိပ်ပြာငယ်လေးမှာ ဖန်ဘူးခွမ်းခနဲ ကွဲကျသောကြောင့် လွတ်ထွက်သွားပြီး ထပျံသန်းသွားသည်။ပါး ဘာတွေလုပ်ထားမှန်း မိုးသုခဘုံတကယ်မသိပါ။သို့သော် စိတ်ထဲ၌ အဘွားကျွတ်လွတ်သွားပြီဟုသာ မှတ်ယူပြီး ဦးပိုင်ဘက်လှည့်ကာ စိတ်အေးအေးထားတော့ ဟူသည့်သဘောနှင့် တစ်ချက်ပြုံးပြအားပေးဖြစ်သည်။ဦးပိုင်၏မျက်နှာမှာလည်း စိတ်ချမ်းသာမှုအပြည့်နှင့် အေးချမ်းနေကြောင်း မိုးသုခဘုံတွေ့လိုက်ရသည်။ ဦးပိုင်ပျော်နေရင်..ဦးပိုင်စိတ်ချမ်းသာနေရင် ကျွန်တော်လည်းပျော်မိတယ်.. ဦးပိုင်။

.........................................................................................................

"ပိုင်"စံအိမ်...

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now