⚡Chapter (26)⚡

1.1K 108 42
                                    

*Zawgyi*

ဇန်နဝါရီလ၏အေးချမ်းလှသောနံနက်ခင်းတစ်ခုတွင် ဦးပိုင်စိုးနိုင်နှင့်မိုးသုခဘုံ ကလောဘက်က ဆောက်လုပ်ရေးဆိုဒ်တစ်ခုသို့ရောက်ရှိနေကြသည်။ နံနက်စောစောလေယာဉ်နှင့်ဟဲဟိုးသို့ဆင်းလာသည်ဖြစ်၍ အိပ်ရေးပျက်သည်မှလွဲပြီး တခြားပင်ပန်းတာသိပ်မရှိ။ကလောရောက်ရောက်ချင်း ဦးပိုင်ဝယ်ထားသော ကလောစံအိမ်၌ အထုပ်များချကာ အလုပ်ရှိရာသို့ချက်ချင်းထွက်လာခဲ့ကြသည်။ဦးပိုင်သွားရာနောက် တကောက်ကောက်လိုက်နေရလျှင် မိုးသုခဘုံမှာ ပင်ပန်းတယ်လို့မရှိသလို ပင်ပန်းသည်ဟုလည်းတခါမှမတွေးမိ။

အခုလည်း အမည်းရောင်အနောက်တိုင်းအင်္ကျီကို အပေါ်မှ Long coatမီးခိုးရင့်ရောင်ထပ်ကာဝတ်ဆင်ထားသော လူကြီးကို မိုးသုခဘုံ အဝေးမှနေ၍လှမ်းကြည့်နေမိသည်။သူ့အလုပ်ကိုသူ တည်တည်ကြည်ကြည်နှင့်လုပ်နေသော ဦးပိုင်ကို ဆောက်လုပ်ရေးဆိုဒ်ရှိလူအများက အတော်ရှိန်ကြသည်။သို့သော် ဦးပိုင်ကိုမရှိန်မကြောက်နှင့် ဦးပိုင်သွားလေရာတကောက်ကောက်လိုက်ကာ နေရာစုံလိုက်ရှင်းပြနေသော ဆိုဒ်အင်ဂျင်နီယာမလေးတစ်ယောက်ကိုတော့ မိုးသုခဘုံ မြင်ပြင်းကပ်နေမိသည်။အဲ့မိန်းမဟာ ဦးပိုင်၏ကိုယ်နားသို့ ကပ်ကပ်ကာလိုက်ရှင်းပြနေပြီး သူမ ဦးပိုင်ကိုကြည့်နေသောအကြည့်များမှာလည်းမရိုးသား။ဦးပိုင်လိုဥစ္စာပေါရုပ်ချော ကျိကျိတက်သူဌေးတစ်ယောက်မို့ တချို့မိန်းကလေးများ အနားကပ်ကာ ခြူစားကြသည့်သဘာဝကို မိုးသုခဘုံနားလည်ထားသည်။ဒါပေမဲ့ ဒီအင်ဂျင်နီယာမက တော်တော်ကိုလွန်နေပြီ။

အိမ်ဖော်တွေစည်းနေကျဆံပင်ပုံစံအတိုင်း ကြက်တောင်စီးနှစ်ဖက်စီးထားပြီး ဆံပင်ကိုရှေ့ချထားသောကြောင့် သူမ၏မျက်နှာအလှမှာ ပိုပေါ်လွင်နေတော့သည်။ဝတ်ထားသည်မှာလည်း ဖားဖားလျားလျား ဂါဝန်ကြီးမို့ အထပ်မြင့်ရောက်လို့ လေတိုက်လေ ထိုဂါဝန်ကြီးက အောက်စလွတ်ကာ တလွင့်လွင့်နှင့်ဖြစ်လေ ဖြစ်သည်။ဘုံ့ဦးပိုင်ကတော့ ထိုအလှတရားများကို ဂရုမပြုမိဘဲ သူ့အလုပ်သူသာ စိတ်ဝင်တစားနှင့် လိုက်ကြည့်ရှုနေသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now