⚡Chapter (40)⚡

1.9K 133 89
                                    

*Zawgyi*

မျက်လုံးကို အလင်းစူးစူးတစ်ခုက လာရိုက်ခတ်သဖြင့် မိုးသုခဘုံ မျက်လုံးများကို မနဲအားယူကာဖွင့်လိုက်သည်။မျက်လုံးနှစ်ဖက်လုံး၏ မျက်လုံးထောင့်များက ငိုထားသည့်ဒဏ်ကြောင့် အောင့်တက်နာကျင်နေသည်။ပါးပြင်ကိုပြန်စမ်းကြည့်တော့ ညကငိုထားခဲ့သော မျက်ရည်စီးကြောင်းများက အကြောင်းလိုက်၊ အကြောင်းလိုက် ခြောက်ကပ်နေသည်။

ခါးအောက်ပိုင်းမှနာကျင်မှုကို လျစ်လျူရှုကာအိပ်ရာပေါ်မှ ဖြည်းဖြည်းချင်းထလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချမိသည်။မနေ့ညကဆုံးဖြတ်ထားခဲ့သောဆုံးဖြတ်ချက်တစ်ခုကို ဒီနေ့ အကောင်အထည်ဖော်ရပေတော့မည်။အားနာပါတယ်..ဦးပိုင်။ဘုံ ဦးပိုင်ကို တကယ်အားနာမိပါတယ်။

ခန်းဆီးလိုက်ကာလေးကိုဖွင့်ကာအပြင်ကိုငေးကြည့်လိုက်တော့ Lake Genevaကြီးနှင့် Mont Blancတောင်တန်းကြီးကို မနက်ခင်းရှုခင်းအဖြစ် တွေ့မြင်ရသည်။နေ့တိုင်းငေးကြည့်နေကျမြင်ကွင်းလေးဖြစ်သော်လည်း ဘယ်သောအခါမှမရိုးသွား။ထိုတောင်တန်းဖြူကြီးနှင့်ထိုရေကန်ကြီးကို တိုင်တည်ပြီး ဦးပိုင်ကို တစ်သက်လုံးရိုးမြေကျချစ်ခင်ပေါင်းသင်းသွားပါမယ်လို့ စိတ်ကူးယဉ်ကာ သစ္စာဆိုတိုင်တည်ဖူးခဲ့သည်။ဒါတွေကို ဦးပိုင်သိလိမ့်မယ်မထင်။

ခန်းဆီးလိုက်ကာလေးကိုဖွင့်ကာအပြင်ကိုငေးကြည့်လိုက်တော့ Lake Genevaကြီးနှင့် Mont Blancတောင်တန်းကြီးကို မနက်ခင်းရှုခင်းအဖြစ် တွေ့မြင်ရသည်။နေ့တိုင်းငေးကြည့်နေကျမြင်ကွင်းလေးဖြစ်သော်လည်း ဘယ်သောအခါမှမရိုးသွား။ထိုတောင်တန်းဖြူကြီးနှင့်ထိုရေကန်ကြီးကို တိုင...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်ဖက်သတ်ချစ်ခဲ့ရသောနေ့ရက်များ၊ တစ်ယောက်တည်းစိတ်ကူးယဉ်ခဲ့ရသောအချိန်များဟာ အပြင်ပန်းကကြည့်လျှင် ရူးသွပ်လွန်းသည်ဟုထင်ရသော်လည်း ဒါဟာ မိုးသုခဘုံ၏စိတ်ကူးကမ္ဘာလေးသာဖြစ်သည်။သို့သော် အခုတော့အဲ့ဒါတွေဟာ အကုန်အချည်းအနှီးသာ။

ရေချိုးခန်းထဲဝင် မျက်နှာသစ်၊သွားတိုက်၊ရေမိုးချိုးသန့်စင်ကာ တစ်နေရာရာကိုသွားရန် အင်္ကျီလဲလိုက်သည်။မိုးပြာရောင်တီရှပ်လေးနှင့် ကာကီရောင်ဘောင်းဘီရှည်လေးကို လှတပတဝတ်ဆင်လိုက်သော်လည်း စိတ်မပျော်ရွှင်သဖြင့် မျက်နှာမှိုင်နေ၍ ဘာဝတ်ဝတ်ကြည့်မကောင်းဟု ကိုယ့်ကိုကိုယ်သုံးသပ်မိသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now