⚡Chapter (45)⚡(Ending)⚡

5.8K 192 205
                                    

*Zawgyi*

"ဦးပိုင်!!"

မိုးသုခဘုံ မျက်ရည်များနှင့်အော်ခေါ်လိုက်သည်။ရင်ထဲ၌ ဝမ်းသာလုံးဆို့သွားသလို ပီတိဖြာနေရသည်။ဦးပိုင် ဘုံ့အချစ်တွေကို နားလည်သိမြင်သွားခဲ့ပြီ။ဒါကြောင့် ဘုံနဲ့ဘုံ့ကလေးတွေဆီ ဦးပိုင် ပြန်လာပြီ။

ဝမ်းသာလွန်းလို့ကျသည့်မျက်ရည်တို့သည် မိုးသုခဘုံ၏မျက်ဝန်းအိမ်မှ တစ်စက်ချင်း တလိမ့်လိမ့်နှင့်ကျဆင်းလာသည်။သူ့ကိုဝမ်းသာပြီး အော်ခေါ်နေသော ပါး၏ပြုံးရွှင်နေသောမျက်နှာ၊သူ့ကို ကိုယ်ဝန်နှင့် ရုတ်တရက်တွေ့မြင်လိုက်ရသောကြောင့် အံ့သြမှင်သက်သွားသော ဦးပိုင်၏မျက်နှာကို ခပ်လှမ်းလှမ်းမှာမြင်နေရသည်။

မိုးသုခဘုံ ဦးပိုင်ကိုပြေးဖက်ချင်သည်။ဦးပိုင်ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် တိုးဝှေ့ကာ တင်းကြပ်စွာဖက်ပစ်ချင်သည်။ထိုအတွေးနှင့်အတူ မိုးသုခဘုံ ဦးပိုင်တို့နှစ်ယောက်ရှိရာဆီ တောင်စောင်းအောက်လေးသို့ ပြေးဆင်းလာလိုက်သည်။

မျက်ဝန်းမှကျလာသောမျက်ရည်များကြောင့် ရှေ့မြင်ကွင်းမှာ မှုန်မှီမှုန်ဝါးနှင့် သဲသဲကွဲကွဲမမြင်ရ။လှိုက်ကာလှိုက်ကာတက်လာသော မျက်ရည်များကြောင့် မျက်ဝန်းများ၏အမြင်အာရုံမှာ ဝေဝါးနေလေသည်။

"အ..."

"သား!!!"

မိုးသုခဘုံ ကျောက်စရစ်ခဲတစ်ခုကို ရုတ်တရက်ခလုတ်တိုက်မိသွားသည်။ နောက်ဆုံးတွင်ကိုယ့်ဟန်ချက်ကိုယ်မထိန်းနိုင်ဘဲ မြေကြီးပေါ်သို့ လဲကျသွားခဲ့ပြီး တောင်စောင်း၏မတ်စောက်မှုအရ ခန္ဓာကိုယ်မှာ တောင်စောင်းတစ်လျှောက် ဒလိမ့်ကောက်ကွေးလိမ့်ကျလာခဲ့သည်။ မိုးသုခဘုံ၏နားထဲ၌ ပါး၏စူးစူးဝါးဝါးအော်ဟစ်သံကိုကြားရသည်။ ဦးပိုင်၏ အော်သံကိုတော့မကြားရ။ဦးပိုင်က ဘုံတောင်ပေါ်ကပြုတ်ကျတာတောင် ဘာမှမဖြစ်သလိုငေးကြည့်နေလို့နေမှာပေါ့။ခန္ဓာကိုယ်မှာ ရှေ့တွင်ဘာမှမမြင်ရသော မည်းမည်းမှောင်မှောင်လေဟာနယ် တစ်ခုထဲသို့ရောက်သွားသလို၊ လေပေါ်သို့မြောက်တက်သွားသလိုခံစားလိုက်ရသည်။အမြင်အာရုံများမှာလည်း လုံးဝအမှောင်တိကျသွားပြီး ဦးခေါင်းမှရော၊ဗိုက်မှပါ သွေးများစီးဆင်းနေသည်ကို ခံစားနေရသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now