⚡Chapter (23)⚡

1.2K 125 73
                                    

*Zawgyi*

Notice⚠️-တစ်လုံးချင်းသေချာဂရုစိုက်ဖတ်ပေးကြပါရန်***⚠️

သုခမြိုင်စံအိမ်ကြီး၏ညစာစားပွဲဝိုင်းဟာလွန်စွာတိတ်ဆိတ်နေလေသည်။ ထမင်းစားပွဲဝိုင်းမှာထိုင်နေပြီး မျက်နှာများက အသက်မရှိသောလူများနှယ် စားသောက်နေကြသော သားအဖနှစ်ယောက်မှာ သူတို့ရှေ့တွင်ရှိသောအစာများကိုသာ အာရုံစိုက်နေလားမပြောတတ်။ပြည့်စုံနောင်မှာ ထမင်းကိုတစ်လုတ်ပြီးတစ်လုတ် ပလုပ်ပလောင်းနဲ့ ပါးစပ်ထဲအတင်းသွတ်သွင်းနေပြီး မိုးသုခဘုံမှာတော့ အစာများကို ကြည့်ပြီး တစ်ခုခုကိုစဉ်းစားနေလေသည်။မိုးသုခဘုံ၏အတွေးများထဲမှာတော့ ဦးပိုင်ပဲရှိတာကြောင့် ဦးပိုင်အကြောင်းစဉ်းစားနေတာပင်။ဒီနေ့ မိုးသုခဘုံ ဦးပိုင်ကိုဖုန်းဆက်ကြည့်တော့ ဦးပိုင်ကဖုန်းမကိုင်။ကုမ္ပဏီလိုက်သွားကြည့် တော့လည်း ကုမ္ပဏီက ပြန်သွားပြီဟုပြောသည်။ပိုင်စံအိမ်ကိုသွားကြည့် တော့လည်း အိမ်ပြန်မရောက်သေး။ဦးပိုင် ဘယ်တွေသွားပြီး ဘာတွေများ လုပ်နေတာလဲ။ဦးပိုင်နဲ့နေ့စဉ်တွေ့နေကျဖြစ်တာကြောင့် အခုလို ဦးပိုင်နဲ့ တစ်နေ့လုံးမတွေ့ရသော ဒီနေ့လိုနေ့မျိုးဟာ မိုးသုခဘုံအတွက် ငရဲအလားပင်။ထို့ကြောင့် ပါးနှင့်တူတူထိုင်စားနေရသော ညစာစားပွဲဝိုင်းကို စိတ်မပါ။ပါးနဲ့ကလည်း မခေါ်မပြောအနေအထားမို့ စကားမပြော။

ပြည့်စုံနောင်မှာလည်း သားဘုံကိုထိန်းကျောင်းဖို့အရေး အကြံထုတ်နေရသည်။အဓိကက မုဆိုးရှေ့ကို ဒီသားကောင် နောက်တစ်ခေါက်မရောက်သွားဖို့အရေးကြီးသည်လေ။ဒီမုဆိုးကို သူကပဲ သားအစား ထိန်းသိမ်းထားပေးရမည်သာဖြစ်သည်။အကြံထုတ်နေသည်မို့ ထမင်းစားပွဲဝိုင်းမှာ စိတ်နှင့်ကိုယ်နှင့်မကပ်။စားသာစားနေရသည်.. ဟင်းတွေက ဘာအရသာရှိမှန်းမသိချေ။

စားပွဲဝိုင်းတွင်တင်ထားသော ဟင်းမယ်များမှာ စုံလင်လှသည်။ကြက်ချိုချဉ်၊ ငါးပေါင်း၊ဆိတ်သားနှပ်၊ဝက်ဂုတ်သားကင်သုပ်နှင့် ပဲကြီးဟင်းချိုဖြစ်တာကြောင့် တကယ်စားလိုက်လျှင် အရသာရှိမည်သာ။ သို့သော် ထိုဟင်းမယ်များကို စားနေသော သားအဖနှစ်ယောက်မှာ စိတ်မပါလက်မပါနှင့်မို့ ဒီထမင်းဝိုင်းဟာ အသက်မဝင်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now