⚡Chapter (19)⚡

1.3K 137 26
                                    

*Zawgyi*

ဒီနေ့ကSundayဖြစ်သောကြောင့် မိုးသုခဘုံတစ်ယောက် ကျောင်းသွားစရာမလို။ထို့ကြောင့် မနက်ကို အိပ်ရာနောက်ကျမှထကာ ရေမိုးချိုး အိမ်နေရင်းအဝတ်အစားလဲပြီး မနက်စာစားရန်အောက်သို့ ဆင်းလာလိုက်သည်။ဒီနေ့အဖို့ ဦးပိုင်ဆီသွားရန်သာရှိသည်။

စံအိမ်အောက်ထပ်ရောက်တော့ မနက်စာစားပွဲဝိုင်း၌ ပါးထိုင်နေသည်ကို မြင်ရသည်။

"ပါး..ပါးလည်း အိပ်ရာထနောက်ကျတာလား.."

"အင်း..။ညကအိပ်မပျော်လို့ပါ။ရော့..သားဘုံ စား.."

ပါးက မိုးသုခဘုံရှေ့သို့ ကော်ဖီခရားနှင့် ကိတ်မုန့်၊ကွတ်ကီးများထည့်ထားသော ပန်းကန်များကိုထိုးပေးသည်။မိုးသုခဘုံလည်း နေ့စဉ်နှင့်အမျှ ဒါတွေချည်း စားနေရတာကြောင့် ငြီးငွေ့လာပြီး မြင်မြင်ချင်း နှာခေါင်းရှုံ့သွားသည်။ ဘေးမှာရပ်နေသော ပါးစားနေသည်ကို ယပ်ခပ်ပေးနေသည့် ဝဝဖိုင့်ဖိုင့်အိမ်ဖော်မလေး မယုယကို လှမ်းမေးလိုက်သည်။

"အိမ်မှာ ဒါတွေပဲရှိတာလား။တခြား ဖွယ်ဖွယ်ရာရာလေးတွေမရှိဘူးလား.."

"မရှိဘူး..သခင်လေး။မယုလည်း ဘာမှမလုပ်ထားမိဘူး။သခင်ကြီးက ဘာမှကြိုမစီစဉ်ခိုင်းထားလို့လေ.."

မယုက ရှေ့တွင်ရှိသော ပါးကို မေးငေါ့ကာ ပြောသည်။မိုးသုခဘုံလည်း စိတ်ပျက်သွားသည့်ဟန်နှင့်..

"ဒါတွေတော့မစားချင်ဘူး။ခေါက်ဆွဲခြောက်ထုပ်တွေရှိတယ်မလား..အဲ့ဒါပဲ ပြုတ်စားလိုက်တော့မယ်"

ပါးကတော့ မိုးသုခဘုံကို မနိုင်ဘူး ဆိုသည့်မျက်လုံးများနှင့် စိတ်ပျက်စွာ ကြည့်နေလေသည်။မိုးသုခဘုံလည်း ထမင်းစားပွဲဝိုင်းမှထကာ ကိုယ့်အားကိုယ်ကိုးပြီး ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်ထဲသို့ဝင်သွားတော့သည်။

"🎶🎶ကိုယ်လေ ဝမ်းနည်းပက်လက်...

အခုတွေးကြည့်လိုက်တော့ ချစ်တာတစ်ခုတည်းပဲ

အသေအချာဆန်းစစ်ကြည့်မှ..ကိုယ့်ချစ်သူလိုအင်ဖြည့်ရန်မလွယ်တဲ့ဘဝ"🎶🎶

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)حيث تعيش القصص. اكتشف الآن