*Zawgyi*
တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးသည့်နောက်တစ်နေ့မှာ သူတို့စိတ်ကူးထားသော အစီအစဉ်အတိုင်း ငွေဆောင်ကမ်းခြေသို့ ချစ်သူနှစ်ဦးသားခရီးထွက်ခဲ့ကြသည်။ကိုကိုက နေ့ဘက်ထွက်သောကားပဲ စီးချင်သည်ဆိုသောကြောင့် နေ့ဘက် Expressကားကို မရရအောင် လက်မှတ်ဖြတ်ကာထွက်လာခဲ့ကြသည်။မယ်မယ့်ကို တစ်ညအိပ်နှစ်ရက်ဟုပဲ ပြောခဲ့သဖြင့် ကမ်းခြေမှာတစ်ညသာအိပ်ရမည်ဖြစ်သည်။ မယ်မယ့်ကိုလိမ်ပြီးခရီးထွက်လာရတာမို့ ပြည့်စုံစိတ်ထဲလိပ်ပြာမလုံ။သို့သော် ကိုကိုပျော်ရွှင်နေတာတွေ့ရသဖြင့်တဖန်စိတ်ပြေရပြန်သည်။ခရီးအချိန်က အလွန်နည်းသော်လည်း ကိုကိုက အချိန်ဘယ်လောက်နည်းနည်း နှစ်ယောက်တည်းခရီးထွက်ရရင်ကို ကျေနပ်တာမို့ သူစိတ်ကျေနပ်ရရသည်။ရန်ကုန်မှမနက်၆နာရီလောက်ထွက်ခဲ့သဖြင့် မွန်းတည့်၁နာရီလောက်ကျ ငွေဆောင်ကိုရောက်ကြသည်။နေ့ဘက်ဆိုတော့ ကားစီးရတာ နေပူသဖြင့် လူမှာနုံးနုံးချိချိတော့ရှိလှသည်။ဒါပေမဲ့ ပင်လယ်ပြာကြီးကိုမြင်တော့ စိတ်ကလန်းဆန်းသွားရပါသည်။
ရောက်ရောက်ချင်းနေပြင်းသဖြင့် သူတို့ကြိုဘိုကင်လုပ်ထားသော ဟိုတယ်ဘန်ဂလို နှစ်ယောက်တစ်ခန်းမှာသာ တစ်ယောက်တစ်ကုတင်စီ အနားယူဖြစ်ကြသည်။ထို့နောက် ကိုကို့ဆန္ဒအတိုင်း ပင်လယ်ထဲသို့ နှစ်ယောက်အတူတူဆင်းဖြစ်ကြသည်။ရေကူးတော့မှသိလိုက်ရသည်က ကိုကို့၏ခန္ဓာကိုယ်မှာ ကြွက်သားအဖုအထစ်များစွာနှင့် လွန်စွာကြည့်ကောင်းသည်။သူလိုကိုယ်လိုGymတွေဘာတွေမဆော့ထားပေမယ့် ဘဝကခက်ခဲကြမ်းတမ်းလို့လားမသိ၊ ရှိသင့်ရှိထိုက်သောကြွက်သားများ ထက်ပိုပြီးရှိနေလေသည်။ကိုကို့ခန္ဓာကိုယ်ကိုကြည့်ပြီး သူ့ကိုယ်သူတောင် Depressionဝင်သွားသည်အထိဖြစ်ရသည်။ကိုကိုနှုတ်ခမ်းထက်က နှုတ်ခမ်းမွှေးယေးယေးလေးများနှင့် လူပျိုပေါက်စ ပါးသိုင်းမွှေးခပ်စိမ်းစိမ်းလေးတွေအထိ ကိုကိုဟာကြည့်ကောင်းပါသည်။ ညနေဘက်အပူရှပ်မည်စိုးသဖြင့် ခဏတာလောက်သာ ရေဆော့ကစားဖြစ်ပြီး ဟိုတယ်သို့ပြန်လာခဲ့သည်။ဘန်ဂလိုထဲမှာ ရေချိုးခန်းကတစ်ခန်းသာရှိတာမို့ ရှက်ရှက်နှင့်ပင် ကိုကိုနှင့်ရေတူတူချိုးဖြစ်ကြသည်။ကိုကိုကတော့ သူ့နေစမြဲအတိုင်း မရှက်ဘဲ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်ရှုသည်။ကိုကိုက နေရာတကာကိုလိုက်ကြည့်နေသဖြင့် မျက်နှာကြီးရဲကာခေါင်းငုံ့ထားရသည်အထိဖြစ်ရသည်။ကိုကို လုံးဝမကောင်းပါ။ကိုကိုဟာ Roတတ်သူတော့မဟုတ်..မထင်ရင်မထင်သလို ထထRoတတ်တာလောက်သာရှိသည်။
ESTÁS LEYENDO
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...