⚡Chapter (32)⚡

1K 108 57
                                    

*Zawgyi*

"မင်း ငါ့အခန်းထဲ ဘာလာလုပ်တာလဲ"

ဦးပိုင်ရဲ့ထိတ်လန့်နေပုံကြီးကို မိုးသုခဘုံငေးကြည့်ရင်း အသံထွက်သည်အထိ တခစ်ခစ်နှင့်ရယ်နေမိသည်။ဦးပိုင်လန့်နေပုံလေးက ချစ်ဖို့ကောင်းလိုက်တာ။ ဘုံ ဦးပိုင်ကို ကိုက်မစားပါဘူး။ဘုံက စားရမယ့်သူမှမဟုတ်တာ။အစားခံရမယ့် လူလေ..။

"ဦးပိုင် ဘုံ့မျက်စိရှေ့က ပျောက်သွားမှာစိုးလို့ သံကြိုးနဲ့လာချည်တာ.."

ဦးပိုင် လဲလျောင်းနေရင်းနှင့်မှ ရုတ်တရက်ထထိုင်လိုက်တော့ ကုတင်အစွန်းမှာ ဖင်ကိုယဲ့ယဲ့လေးတင်ကာလဲလျောင်းနေသော မိုးသုခဘုံ ကုတင်အောက်သို့ ဒလိမ့်ကောက်ကွေးလေးပြုတ်ကျသွားခဲ့သည်။သို့သော် ချည်နှောင်ထားသောသံကြိုးလေးက ပြတ်တောက်မသွား။

မီးညောင့်ရိုးနာကျင်သွားသော်လည်း နာနေသည်ကို ဦးပိုင်ကြားသွားမှာစိုး၍ မညည်းညူမိ။ဦးပိုင်က ချက်ချင်းပဲသူ့ခြေထောက်မှကြိုးများကို တစ်ရစ်ချင်း ဖြည်ကာ အိပ်ခန်းမီးလုံးသေးသေးလေးကို ထဖွင့်လိုက်သည်။

အချည်အနှောင်များမှလွတ်မြောက်သွားသော ဦးပိုင်က မိုးသုခဘုံကိုတော့ အချည်အနှောင်များပြန်မဖြည်ပေး။

"ရူးနေလား..မိုးသုခဘုံ။ဒီလိုတွေချည်စရာမလိုပါဘူး..မင်းနဲ့ငါနဲ့အခုလည်း အတူတူရှိနေတာပဲဟာကို။မင်းသာ မင်းအိမ်နောက်ကို လိုက်မသွားမချင်း မင်း ငါနဲ့ပဲရှိနေမှာသေချာတယ်။အရူးထမနေနဲ့..မနက်အစောကြီး လေယာဉ်စီးရအုံးမှာ..သွားအိပ်တော့.."

ဦးပိုင်၏စကားကြောင့် မိုးသုခဘုံမျက်လုံးအရောင်များ ဝင်းခနဲလက်လာသည်။

"ဒါဆို ဦးပိုင် ဘုံ့ကိုခွဲမသွားဘူးပေါ့နော်။ပျော်လိုက်တာ..။ဘုံ ပါးနောက်ကို မလိုက်ပါဘူး..စိတ်ချ။ဦးပိုင်နဲ့ပဲနေမှာပါ.."

ဦးပိုင်စိုးနိုင်ကျေနပ်သွားရသည်။ဒီကောင်လေး၏စကားအရဆိုလျှင် ပိုင်စိုးနိုင်၏အစီအစဉ်အောင်မြင်တော့မယ်လေ။

"သိပ်ပျော်မနေနဲ့။မင်း ငါ့အနားမှာရှိနေသရွေ့ ပျော်ရွှင်မှုဆိုတာကြီးကို ခံစားရမှာမဟုတ်ဘူး။အမြဲ ဝမ်းနည်းခြင်းတွေ၊သိမ်ငယ်မှုတွေ၊ဒေါသထွက်ခြင်းတွေပဲ ခံစားနေရမှာ"

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Donde viven las historias. Descúbrelo ahora