⚡Chapter (39)⚡🔞⚡

3.2K 142 75
                                    

*Zawgyi*

Notice- (ဒီလိုအပိုင်းမျိုးကို ဇာတ်ရဲ့လိုအပ်ချက်ကြောင့်သာထည့်ရေးခြင်းဖြစ်ပါသည်😁။ ဒီအပိုင်းလုံးဝအရေးကြီးပါတယ်⚠️။လုံးဝကျော်ဖတ်လို့မဖြစ်ပါနော်⚠️။ ရိုင်းစိုင်းသောအသုံးအနှုန်းများကိုရှောင်တိမ်းကာရေးထားပေးပါတယ်😁။ဖတ်ပြီး ငိုကြွေးနိုင်ကြပါစေ😛..)

ညစာအတွက် အိမ်တော်ထိန်းများနှင့် ထမင်းပွဲကူပြင်ပေးရင်း မိုးသုခဘုံ မီးဖိုချောင်ထဲမှထွက်လာချိန်မှာ ည၇နာရီ။ဦးပိုင် အိမ်ပြန်ပြီး ညစာစားသည်ဖြစ်စေ၊မစားသည်ဖြစ်စေ ထမင်းပွဲအဆင်သင့်ပြင်ပေးထားရမည်မှာ မိုးသုခဘုံ၏တာဝန်သာ။ ဦးပိုင်က ညတိုင်းလိုလို ည၉နာရီလောက်မှပြန်လာဖြစ်သည်။မိုးသုခဘုံ တစ်ယောက်တည်း ညစာစားဖြစ်သည်ကများသည်။

"တီ..တီ"

အိမ်ရှေ့မှကားဟွန်းတီးသံကို မိုးသုခဘုံကြားရသည်။ဘုံ့ဦးပိုင် အိမ်စောစောပြန်လာတာပဲဖြစ်မည်။ကိုယ့်ခင်ပွန်းယောက်ျား အိမ်ပြန်အိပ်သည်ကိုပင် မိုးသုခဘုံအတွက်ကျေးဇူးတင်ရမလိုလို။အိမ်ပြန်အလာတွင် မယားငယ်တွေ၊ လင်ငယ်တွေခေါ်မလာတာကိုပဲ ဦးပိုင်ကိုထိုင်ရှိခိုးရမလိုလို။

စံအိမ်ထဲသို့ခပ်တည်တည်ဝင်လာသောဦးပိုင်။Black Suitအရှည်ကြီးကို ဝတ်ကာ ခန့်ညားတည်ကြည်နေသောဦးပိုင်။ဒီနိုင်ငံမှာ နွေရာသီဖြစ်သော်လည်း ရန်ကုန်မြို့၏ဆောင်းရာသီအအေးဓာတ်လောက် (20'C)အေးနေသည်ဖြစ်တာကြောင့် မိုးသုခဘုံတို့အတွက်တော့ နွေးနွေးထွေးထွေးတော့နေရသေးသည်။

"ဦးပိုင်..ထမင်းစားတော့မလား.."

ဦးပိုင်က မိုးသုခဘုံစကားကို ဂရုမပြုဘဲ အပေါ်ထပ်လှေကားပေါ်သို့ တက်မြဲတိုင်းတက်သွားသည်။ဒါ ညစာမစားတော့ဘူးဆိုသည့် သင်္ကေတ။ ဦးပိုင် အိပ်ခန်းထဲဝင်သွားသည်မို့ မိုးသုခဘုံပါ ဦးပိုင်ရှိရာ အပေါ်ထပ်သို့ လိုက်တက်သွားဖြစ်ခဲ့သည်။အိပ်ခန်းထဲရောက်တော့ တံခါးကို လက်ဝါးတစ်ဝါးစာလောက်ဟထားသည်။ဦးပိုင်က အိပ်ခန်းထဲရောက်သည်နှင့် Briefcaseထဲမှဟန်းဖုန်းကိုထုတ်ကာ တစ်ယောက်ယောက်ဆီဖုန်းဆက်နေသည်။ပါးဆီဆက်တာပဲဖြစ်လိမ့်မည်။ မိုးသုခဘုံလည်းသိချင်ဇောနှင့် စပ်စုကာ လှပ်လှပ်လေးဟနေသော တံခါးအကွယ်လေးကနေ ချောင်းနားထောင်နေမိသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Donde viven las historias. Descúbrelo ahora