⚡Chapter (20)⚡

1.4K 132 51
                                    

*Zawgyi*

ရန်ကုန်မြို့၌ နာမည်အတော်ရသောပန်းဆိုင်လေးတစ်ခုရှေ့သို့ တန်ဖိုးကြီး ကားတစ်စီးထိုးရပ်လာသည်။ထိုကားပေါ်မှ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်တစ်ယောက် ပေါ့ပါးသွက်လက်သောခြေလှမ်းများနှင့်ဆင်းလာပြီး ပန်းဆိုင်ထဲသို့ဝင်သွားသည်။

"အစ်မ..."

"ဟုတ်ကဲ့..ပြောပါရှင့်။မောင်လေး..ဘာလိုချင်လို့လဲမသိဘူး"

ထိုလူငယ်လေးဟာ တပ်ထားသောနေကာမျက်မှန်ကိုချွတ်လိုက်ပြီး ထိုဝန်ထမ်းအစ်မကို စကားပြောရန်ပြင်သည်။

"White Tulip Bouquet(အဖြူရောင် ကျူးလစ်ပန်း) တစ်စည်း ရနိုင်မလား။ တစ်သိန်းတန်လောက်ပေါ့.."

"ဟုတ်ကဲ့..ရပါတယ်..မောင်လေး။၁၅မိနစ်လောက်တော့ ခဏထိုင်စောင့်ပေးနော်"

ဝန်ထမ်းအစ်မကြီးက မိုးသုခဘုံခေါင်းညိတ်ပြသည်နှင့်ချက်ချင်း ပန်းစည်းလုပ်ရန် အထဲသို့ခဏပြန်ဝင်သွားသည်။မိုးသုခဘုံလည်း ပန်းဆိုင်၏သပ်ရပ်သန့်ရှင်းခမ်းနားမှုလေးကို မျက်စိဝေ့ဝဲကြည့်ရှုရင်း ၁၅မိနစ်ပြည့်အောင် ဖုန်းသုံးပြီးအချိန်ဖြုန်းနေလိုက်သည်။

"ရပါပြီ မောင်လေး"

မိုးသုခဘုံအရှေ့သို့ရောက်လာသော အဖြူရောင်ကျူးလစ်ပန်းစည်းလေး။ လာပေးသည့်အစ်မကြီးကို သူ့၏Visa cardထုတ်ပေးပြီး ငွေရှင်းပေးလိုက်သည်။

"ကျေးဇူးပဲ..အစ်မ"

ပန်းစည်းလေးကိုကြည့်ရင်း မိုးသုခဘုံ အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ်ပြုံးမိ လိုက်သည်။ပန်းလေးများကို မွှေးကြူကြည့်တော့ ကျူးလစ်နံ့လေးက သင်းနေလျက်။ဒီပန်းလေးကို တစ်ယောက်သောသူအား ပေးရမည်။

ပန်းစည်းလေးကိုကြည့်ရင်း မိုးသုခဘုံ အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ်ပြုံးမိ လိုက်သည်။ပန်းလေးများကို မွှေးကြူကြည့်တော့ ကျူးလစ်နံ့လေးက သင်းနေလျက်။ဒီပန်းလေးကို တစ်ယောက်သောသူအား ပေးရမည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now