*Zawgyi*
"မယ်မယ်..."
ကြီးမားခမ်းနားလှသော ထမင်းစားပွဲဝိုင်းကြီးတွင် ငြိမ်သက်စွာထိုင်နေသော မိန်းမကြီးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်အနက် ကောင်လေးက သူ့အမေဖြစ်သူကို ထမင်းစားနေရင်းနှင့်မှစကားစလိုက်သည်။မယ်မယ်က ထမင်းစားနေတုန်း စကားပြောလျှင်မကြိုက်တတ်သော်လည်း ဒီကိစ္စတော့ ပြောမှဖြစ်ပေမည်။ထမင်းမစားသော အခြားအချိန်တွေဆိုလျှင်လည်း ကိုယ်စီအခန်းထဲမှာပဲအောင်းနေကြတာမို့ သိပ်စကားမပြောဖြစ်။ထမင်းစား သည့်အချိန်လေးသာ မျက်နှာချင်းဆိုင်စကားပြောခွင့်ရသည်။
"ပြောလေ..သား"
"ဟို...မနက်ဖြန်ကျောင်းလာကြိုတဲ့အချိန်ကျရင်လေ သားကို အရင်ကြိုနေကျ အချိန်ထက် နာရီဝက်လောက်နောက်ကျပြီးမှလာကြိုဖို့ ဦးညိုကို ပြောပေးပါလား...။သား သူငယ်ချင်းတစ်ယောက်နဲ့ ၉တန်းအတွက်ကျူရှင် သွားစုံစမ်းစရာရှိလို့ပါ"
သူ လိမ်လိုက်သည်။မလိမ်လို့လည်းမဖြစ်တော့။အမှန်တိုင်းသာပြောချလိုက် မည်ဆိုလျှင် မယ်မယ် သူ့ကိုဆူလိမ့်မည်။အမှန်မှာတော့ မနက်ဖြန်ကျရင် သူပိုင်စိုးကို ကျောင်းလမ်းထိပ်နားက ဝက်သားဒုတ်ထိုးဝယ်ကျွေးချင်သော ကြောင့်ပင်။နေ့လည်က သူ့ကို ဘာမှန်းမသိစိတ်ဆိုးသွားသောကိစ္စအတွက် လည်းပြန်တောင်းပန်ချင်တာပါသည်။ပြီးနောက် ပိုင်စိုးထမင်းချိုင့်ကိုကြည့်ကာ သနားစိတ်ဝင်သွားတာလည်းပါသည်။
"အင်း..သွားလေ..သား။ကျောင်းဆင်းမှ တန်းသွားမှာမလား။မယ်မယ် ဦးညိုကိုပြောထားလိုက်ပါမယ်.."
မယ်မယ့်ဆီမှခွင့်ပြုချက်ရသွားပြီဖြစ်၍ ပြည့်စုံစိတ်ထဲ အလွန်ပျော်ရွှင်သွားတော့သည်။နောက်ဆုံးတော့ မယ်မယ့်အပေါ် မုသာဝါဒမကျူးလွန်ဖူးတဲ့သူဟာ ပိုင်စိုးအတွက် မယ်မယ့်အား လိမ်ပြောမိခဲ့လေပြီ...။
.........................................................................................................
"ထိုင်..ပိုင်စိုး။ဒီဆိုင်က အရမ်းကောင်းတာ.."
ပြည့်စုံခေါ်ရာနောက်သို့ စိတ်မပါစွာနှင့် တရွတ်တိုက်ပါလာသော ပိုင်စိုးဟာ ပြည့်စုံပြောလိုက်သောစကားတစ်ခွန်းကြောင့် ပြည့်စုံကို စိတ်ထဲ၌ နားမလည်ဟန်ဖြစ်သွားသည်။သူ့ကိုခေါ်လာသည်မှာ လမ်းဘေးမှာ စားပွဲများ၊ခုံများချခင်းရောင်းသော ဝက်သားဒုတ်ထိုးဆိုင်ဖြစ်သောကြောင့် ပြည့်စုံလို ချမ်းသာကြွယ်ဝသူတစ်ဦးဟာ ဒီလိုလမ်းဘေးဆိုင်မှာ ထိုင်မစားလောက်ကြောင်း ပိုင်စိုးတွေးမိသည်။ဒါ သူ့အား ဒီဆိုင်ကို ခေါ်လာချင်ရုံသက်သက်နှင့် မလိမ်တတ်၊လိမ်တတ် လာလိမ်နေခြင်းဖြစ်သည်။ပိုင်စိုးလည်း စကားဆက်မများချင်တော့တာနှင့် ပြည့်စုံထိုင်ခိုင်းနေသော ဝက်သားဒုတ်ထိုးဆိုင်မှာသာ ထိုင်ချလိုက်တော့သည်။
YOU ARE READING
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...