⚡Chapter (1)⚡

10K 510 47
                                    

*Zawgyi*

"ဟဲ့...အခုမှငါတို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ကျောင်းသားသစ်လေး အကြောင်းသိပြီးပြီလား"

"ဟင့်အင်း...မသိသေးဘူး။ကျောင်းတစ်ဝန်းလုံးမှာတော့ အဲ့သတင်းတော်တော်နာမည်ကြီးနေတာပဲ။ငါလည်း သေချာမသိသေးလို့ ပြောပြပါအုံး"

"အဲ့ကောင်က ဟိုတစ်လောကမှ ငါတို့ကျောင်းကိုပြောင်းလာတာ။နာမည်က "ပိုင်စိုးနိုင်" ဆိုလားဘဲ။ချောလည်းချောသလို အရမ်းလည်းကြောက်ဖို့ ကောင်းတယ်..."

"ချောတယ် ဟုတ်လား..ဟိဟိ။ဒါနဲ့ သူကဘယ်လိုကြောက်ဖို့ကောင်းတာလဲ"

"ချောတယ်"ဟုပြောလိုက်သည်နှင့် မျက်လုံးအရောင်များတောက်ကာ အမြီးတနှံ့နှံ့ဖြစ်သွားသော အရပ်ပုပုနှင့်ကောင်မလေးကို သူ့ဘေးက ခေါင်းတစ်လုံးသာသာအရပ်ရှည်သောကောင်မလေးက အထင်သေးသည့်မျက်လုံးများနှင့် မျက်စောင်းတစ်ခုပစ်ကျွေးလိုက်တော့သည်။

"သူ့အကြောင်းပြောဖို့ဆို ငါကြက်သီးတောင်ထပါတယ်ဟယ်။နင့်ကိုပြောရင် ကောင်းမလား၊မပြောရင်ကောင်းမလားဆိုတာ ငါစဉ်းစားနေတာ"

အထက်တန်းကျောင်းလေးတစ်ခု၏ဝရန်တာတစ်လျှောက် စကားတပြောပြော၊မုန့်တကိုင်ကိုင်နှင့်လမ်းလျှောက်လာသော ကောင်မလေးနှစ်ယောက်၏ ဆံနွယ်များမှာ တိုက်ခတ်သွားသော လေနုလေအေးတစ်ဝှေ့ကြောင့် လေမှာ အကုန်လွင့်ပျံကုန်သည်။

"ပြောပါဟ...နင်ကလည်း။သူငယ်ချင်းအချင်းချင်းကို"

"အေး..ပြောမယ်။သူက မွေးရာပါပညာသည်လို့ပဲပြောမလား၊ အရင်က အဆက်အနွယ်တွေရှိတယ်လို့ပဲပြောမလား မသိဘူး။ပါးစပ်စီးတယ်လို့ ငါကြားမိတယ်...။အမလေး..ပြောရင်းနဲ့တောင်ကြက်သီးထတယ်ဟယ်"

အရပ်ရှည်ရှည်နှင့်ကောင်မလေးက ပြောလည်းပြော၊ကြက်သီးမွေးညင်းများ တောင်ကြိမ်းထလာတာမို့ လက်မောင်းတစ်လျှောက်ကို လက်ချောင်းများနှင့် ပွတ်သီးပွတ်သပ်လုပ်နေသည်။အရပ်ပုပုနှင့်ကောင်မလေးကတော့ သူမ စကားများကို စိတ်ဝင်တစားနားထောင်နေကာ ကိုင်ထားသောမုန့်ကိုတောင်မစားဘဲ မေ့လျော့နေမိတော့သည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now