*Zawgyi*
A/N- ဒီအပိုင်းကိုမရေးခင် ရတနာ၃ပါး ဦးထိပ်ထားကန်တော့အပ်ပါသည်🙏🙏🙏။ Horrorမို့လို့ ကြောက်ကြတော့..ဟီး😂⚠️
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်...
ကောင်လေးနှစ်ယောက် Luggageကိုယ်စီဆွဲကာ လေဆိပ်Arrivalဂိတ်မှ အပြင်ဘက်သို့ထွက်လာခဲ့ကြသည်။ကောင်လေးနှစ်ယောက်လုံးမှာ အပြုံးကိုယ်စီနှင့်။သူတို့စိတ်ချမ်းသာနေသည်မှာအသေအချာ။ သူတို့ကို ကူညီပေးမည့်မိန်းကလေးများက တန်းစီနေတာမို့ သူတို့အတွက်ပူစရာမလို။ပိုက်ဆံအရမ်းလိုနေသောအပျိုစင်တစ်ဦးမှ သူမကိုယ်တိုင်အငှားကိုယ်ဝန်ဆောင်ပေးမည်ပြော၍ သူတို့အတွက်အဆင်ပြေသွားခဲ့သည်။အဲ့လိုလိုက်ကူညီပေးနေသော အပျိုစင်မိန်းကလေးများမှာ ဘန်ကောက်တွင် ဒုနဲ့ဒေး။ ပြည့်စုံဆီမှ မျိုးပွားလို့ရမည့်SemenကိုMasturbationနည်းနှင့်ရအောင်ယူကာ ကလေးမွေးပေးမည့်အပျိုစင်မိန်းကလေး၏သားအိမ်ထဲကို Semenများကို ပြွန်သေးနှင့်သုံးပြီးတိုက်ရိုက်ထည့်သွင်းရင် ကလေးရနိုင်တာမို့ ထိုနည်းဖြင့် ဘန်ကောက်မှာအကုန်လုံးစီစဉ်ခဲ့တာကြောင့် ပြည့်စုံနှင့်ထစ်ချုန်း အဖေဖြစ်တော့မည်ဆိုသောအသိနှင့်ပျော်ရွှင်နေကြသည်။(A/N- သာသာလည်း ဆေးပညာသိပ်မသိတာမို့ သိသလောက်ရေးထားရတာ.. အမှားပါရင်ခွင့်လွှတ်ပေးကြပါနော်)
အခုဒီသတင်းကိုကြားလျှင် မယ်မယ်လည်းသိပ်ပျော်နေမှာ။မယ်မယ်က ပြည့်စုံရဲ့သွေးသားအရင်း..သူမ၏မြေးလေးကို အရူးအမူးလိုချင်နေရှာတာလေ။မယ်မယ့်ကို အလျင်အမြန်ပြေးပြောမည် ဟူသောရည်ရွယ်ချက်နှင့် ပြည့်စုံနှင့်ထစ်ချုန်း မြန်မာပြည်သို့ ရွှင်လန်းစွာ အပြေးပြန်လာခဲ့ကြသည်။
"Ring-Ring"
ပြည့်စုံ ဖုန်းမြည်၍ထုတ်ကြည့်လိုက်တော့ ဖုန်းScreenပေါ်မှာ "U Nyo" ဟူသောContact nameကပေါ်နေသဖြင့် အိမ်ကဖုန်းဖြစ်တာကြောင့် ချက်ချင်းကောက်ကိုင်လိုက်သည်။
"ဟယ်လို..ဦးညို။ကျွန်တော် အခုပြန်လာနေပြီလေ.."
"သခင်လေး..မယ်မယ်အခုလေးတင်ဆုံးပြီ"
ဦးညိုပြောလိုက်သောစကားကြောင့် ပြည့်စုံခေါင်းမှာမိုက်ခနဲဖြစ်သွားပြီး လက်ထဲမှကိုင်ထားသောဖုန်းလေးမှာ သံမံတလင်းကြမ်းပြင်ပေါ်သို့ ဂွပ်ခနဲပြုတ်ကျသွားတော့သည်။
BINABASA MO ANG
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...