*Zawgyi*
ပညာရေးဆုံးခန်းမတိုင်ထားသည့်လူတစ်ယောက်အတွက် လုပ်ကိုင်ရမည့် အလုပ်ဆိုတာ ခပ်ရှားရှား။ဘယ်နေရာမဆို ဘွဲ့ရပညာတတ်တွေကိုပဲ အလုပ်ခန့်တာမို့ မိုးသုခဘုံအတွက် အခက်တွေ့နေသည်။ဒါကြောင့်လည်း ကိုယ်ပိုင်စီးပွားရေးလေးပဲလုပ်ရန်စိတ်ကူးရမိသည်။ရန်ကုန်ကထွက်လာပြီး နောက်သုံးပတ်လောက်အကြာမှာ ရှိစုမဲ့စုပိုက်ဆံလေးများနှင့် ဆိုင်ခန်းတစ်ခန်း ရအောင်ဝယ်နိုင်ခဲ့သည်။ထိုဆိုင်လေးမှာ ကလော-အောင်ပန်း သွားရာလမ်းပေါ်တွင်တည်ရှိသည်။လမ်းမကြီးပေါ်မှာမဟုတ်..လမ်းကြားသေးသေးလေးထဲသို့ထပ်ဝင်ရသည်။ထိုလမ်းကြားလေးမှာ ကန်ထရိုက်တိုက်အများဆုံးရှိသောလမ်းကြားလေးဖြစ်သည်။ထို့ကြောင့် ဖုန်ထူထပ်သည်။ဖုန်ထူသော်လည်း မိုးသုခဘုံ၏ပိုက်ဆံနှင့်တန်ရုံပဲရတာမို့ သူ့အိုးနှင့်သူ့ဆန်တန်ရုံသာ။
ဒီနေ့ကား မိုးသုခဘုံဆိုင်လေး၏ဖွင့်ပွဲဟုပြောရမည်။သိပ်ခမ်းခမ်းနားနား ဖွင့်သည်တော့မဟုတ်။ဒီနေ့မိတ္တူလာဆွဲမည့်၊စာစီစာရိုက်လာလုပ်မည့်သူများအားလုံး အခမဲ့။မိုးသုခဘုံ၏ဆိုင်လေးမှာ "သုခပိုင် စာစီစာရိုက်နှင့်မိတ္တူ" ဟုနာမည်ပေးထားသည်။ဒီနာမည်လေးကို မိုးသုခဘုံ နေ့မအိပ်၊ညမအိပ်နှင့် အတော်လေးစဉ်းစားလိုက်ရသည်။နောက်ဆုံး ဦးပိုင်၏နာမည်စာလုံးလေး ပါသောနာမည်လေးကိုသာရွေးချယ်လိုက်တော့သည်။
မိုးသုခဘုံက အပြင်တက္ကသိုလ်စီးပွားရေးကျောင်းဆင်းဖြစ်သည်ကတစ်ကြောင်း၊ လူတိုင်းက ITပညာကိုတော့ ထမင်းစားရေသောက်မို့လို့ ကွန်ပျူတာနှင့်ပတ်သက်သည့် စာစီစာရိုက်၊Printထုတ်ခြင်း၊မိတ္တူဆွဲခြင်း စသည့်လုပ်ငန်းများကိုတော့ ကောင်းမွန်စွာလုပ်တတ်သည်လေ။ စီးပွားရေးကျောင်းကလည်း ဆုံးခန်းမတိုင်ခဲ့တာမို့ ချက်ချင်းကြီးစီးပွားရေး ကောက်လုပ်လို့မှမဖြစ်တာ။ထို့ကြောင့် ကိုယ်လုပ်တတ်သလောက် အရာလေးများနှင့်သာ မိတ္တူဆိုင်ဖွင့်ဖြစ်သည်။
ဆိုင်ပတ်ဝန်းကျင်အနီးအနားတွင်ရှိသောရွာလေးမှ မိတ္တူဆိုင်လေးကို တခဲနက်လာရောက်အားပေးကြတာတွေ့တော့ မိုးသုခဘုံ ပျော်မဆုံး။ နောက်ဆုံးတော့ ပါးတို့၊ဦးပိုင်တို့မပါဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့ပြီလေ။ပါးသာ ဒါတွေကိုမြင်ရင် သားအတွက် ဝမ်းသာမဆုံးဂုဏ်ယူနေမှာ။အခုမှ ကိုယ်ရှာသောပိုက်ဆံလေးများကို ကိုယ်တိုင်သုံးစွဲခွင့်ရတော့သည်။
YOU ARE READING
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...