*Zawgyi*
⚠️Notice-သီချင်းလေးနဲ့တွဲဖတ်ပေးကြပါ😁
အေးချမ်းလှသောဘုရားတစ်ခု၏ပရဝုဏ်အတွင်းသို့ ဇိမ်ခံကားတစ်စီး ဝင်ရောက်လာသည်။ည၈နာရီလောက်ရှိနေပြီဖြစ်၍ ပတ်ဝန်းကျင်မှာ အရာရာတိတ်ဆိတ်နေလေသည်။သစ်ရွက်ကြွေများက မောင်းနှင်နေသော ကားပေါ်သို့ တလွင့်လွင့်ကြွေကျနေသည်။ထိုကားလေးဟာ ဘုရားရှေ့တည့်တည့်လည်းရောက်ရော တိခနဲရပ်တန့်သွားတော့သည်။
"ဆင်း..."
ဦးပိုင်၏စကားကြောင့် ဘုံလေး ဦးပိုင်ကိုပြန်ကြောင်ကြည့်မိသည်။ ဦးပိုင်ကတော့မျက်နှာကိုခပ်တင်းတင်းထားထားပြီး ဘုံလေး၏ကားခါးပတ်ကို ဇတ်ခနဲဆွဲဖြုတ်ပေးနေသည်။ဘုံလေး ဘေးပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့ သူတို့ရောက်နေသည်မှာ စွယ်တော်မြတ်စေတီရဲ့ပရဝုဏ်အတွင်းမှာ။
"ဘာလုပ်တာလဲ..ဦးပိုင်။ဘာလို့ဒီကိုခေါ်လာရတာလဲ"
"ဘုရားကန်တော့ဖို့..။ကဲ..လာပါ..ဆင်း ဆင်း"
ဦးပိုင်ကို ပြန်အထွတ်မတက်ချင်တော့တာကြောင့် ဦးပိုင်သဘောအတိုင်း ကားပေါ်မှဆင်းလာလိုက်သည်။နှစ်ယောက်လုံးဝတ်ထားသည်မှာ ဘောင်းဘီရှည်များနှင့်မို့ ဘုရားတက်ရန်အဆင်ပြေသည်။
စွယ်တော်မြတ်စေတီ၏ထုံးစံအတိုင်း ဒီဘုရားကို ညဘက်ဆိုလျှင် လာရောက်ဖူးမြော်သူ အရောက်အပေါက်နည်းပါးသည်။ကုန်းမြင့်တစ်ခုပေါ် တွင်တည်ထားတာကြောင့် လေနုလေအေးများက နှစ်ယောက်လုံး၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။ဘုရားကြီးကိုလည်း သပ္ပါယ်စေရန်မီးများနှင့်ပူဇော်ထားတာကြောင့် အလွန်အေးချမ်းလှသည်ပင်။
YOU ARE READING
ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)
Romance⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားနိုင်ပါ့မလား???⚡⚡ Beware of Your RL (It's not 3some fiction) Started➡️2.12.2020 Completed➡️16.1.2021 ...