⚡Chapter (37)⚡

1K 103 19
                                    

*Zawgyi*

အိပ်ရာကနိုးနိုးချင်း ဦးပိုင်အတွက်ရုံးထမင်းချိုင့်အဆင်သင့်ပြင်ပေးပြီး မီးဖိုချောင်ထဲမှ ပြန်ထွက်လာချိန်တွင် အိမ်တော်ထိန်းများကို ဦးပိုင်အကြောင်းမေးကြည့်တော့ ဦးပိုင်ရုံးအစောကြီးထွက်သွားပြီဟု ပြန်ကြားသိရသည်။ပတ်ထားသောလက်ပတ်နာရီလေးကိုငုံ့ကြည့်လိုက်တော့ မနက်၇နာရီခွဲသာရှိနေသေးသည်။ဦးပိုင်ရဲ့ရုံးက ၉နာရီမှတက်တာ မိုးသုခဘုံ သိထားသည်။တစ်ယောက်တည်းအတွေးတွေဝင်နေရင်းနှင့် ဦးပိုင် အခြားတနေရာရာကိုဝင်စရာရှိလို့စံအိမ်ကစောထွက်သွားတာနေမှာဟုသာ ဖြည့်တွေးပေးလိုက်ရတော့သည်။ဦးပိုင်က မနက်ထမင်းချိုင့်မယူသွား၍ နေ့လည်စာစားချိန်ကျရင်တော့ သွားပို့ပေးရတော့မည်။

ထိုအတွေးနှင့်အိမ်အပေါ်ထပ်သို့ပြန်တက်လာပြီး အိပ်ရာပေါ်၌ သုံးနာရီလောက်တစ်ရေတစ်မောပြန်အိပ်နေလိုက်တော့သည်။မနက်၁၁နာရီလောက်ထိုးမှ အိပ်ရာပြန်နိုးလာပြီး ရုံးသွားရန်သင့်တော်မည်ထင်လောက်သော အပြာနုရောင်Tshirtလက်ရှည်နှင့်ဂျင်းပန်ပြာကိုသာတွဲဝတ်ဆင်လိုက်သည်။ ဦးပိုင်ပေးထားခဲ့သောအနီရောင်မာဖလာလေးကတော့ မပါမဖြစ်မို့ လည်ကုတ်၌သေချာပတ်ပြီးထွက်လာခဲ့လိုက်တော့သည်။

ဘုံယူလာတဲ့နေ့လည်စာကို ဦးပိုင် စားလောက်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့။

........................................................................................................

လူတစ်ယောက်ရဲ့အကျင့်ဗီဇဆိုတာဖျောက်ရခက်တယ်တဲ့။တဇွတ်ထိုး တဇောက်ကန်း လူငယ်ပီပီနေတတ်သောသူတစ်ယောက်ပီပီ မိုးသုခဘုံ ဦးပိုင်၏ရုံးခန်းထဲသို့ ဘယ်သူ့ကိုမှခွင့်မတောင်း၊တံခါးလည်းမခေါက်ဘဲ ဝင်သွားခဲ့မိသည်။ဒီကိစ္စလေးဟာ ပြဿနာအကြီးကြီးထပ်ဖြစ်စေလိမ့်မယ်ဟု ထင်မထားခဲ့ပါ။

"ဦးပိုင်!!.."

ရှေ့ဆက်ပြီးထွက်ဆိုရမည့်စကားလုံးများဆွံ့အသွားသည်အထိ မိုးသုခဘုံ အံ့သြသွားရသည်။မြင်လိုက်ရသောမြင်ကွင်းမှာ ကော်ဖီများပေကျံနေသော ဦးပိုင်၏Coatအမည်းထပ်ထားသော ဘယ်ဘက်ရင်အုံကို နိုင်ငံခြားသူမလေးတစ်ယောက်က တစ်ရှူးနှင့်တယုတယသုတ်ပေးနေခြင်းဖြစ်သည်။ဦးပိုင်နှင့် ထိုဘိုမ၏မျက်နှာမှာလွန်စွာနီးကပ်နေလေသည်။ထိုဘိုမက ဦးပိုင်ကို ညို့မျက်ဝန်းများနှင့်စိုက်ကြည့်နေပြီး ကော်ဖီပေတာကိုသုတ်ပေးသည်မှာ တစ်ကမ္ဘာလောက်ကြာမြင့်နေလေသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now