⚡Chapter (27)⚡

1K 119 63
                                    

*Zawgyi*

A/N-⚠️ ဒီအပိုင်းမစခင် တောစောင့်နတ်၊တောင်စောင့်နတ်များအား အမျှပေးဝေဦးခိုက်ရှိခိုးပါသည်🙏🙏။

နှင်းမှုန်များဝေဝါးနေသောလမ်းကြားလေးထဲမှာ ကောင်လေးတစ်ယောက် ခေါင်းငိုက်စိုက်ကျပြီးလမ်းလျှောက်လာသည်။ဆရာကြီးပြောလိုက်သော စကားများဟာ ပြည့်စုံနောင်၏နားထဲမှာ ပြန်ပြန်ကြားယောင်နေ မိတော့သည်။အရင်၁၈နှစ်ကနှင့်မတူ၊အိုမင်းသွားသော ဆရာကြီးက သူ့ကိုပြောလိုက်သည်။မယ်မယ် ပရလောကက ထွက်ခွာသွားပြီတဲ့။ဒါဆို မယ်မယ်သူ့အနားမှာမရှိတော့ဘူးပေါ့။ဆရာကြီးကထပ်ပြောလိုက်သည်။မယ်မယ့်ကို မကျေနပ်တဲ့သူတစ်ယောက်က မယ်မယ့်အား အမျှပေးဝေ လိုက်တာတဲ့။မယ်မယ် လူ့လောကမှာရှိစဉ်တုန်းက မယ်မယ့်အပေါ်အငြိုးထားသူ၊အခဲမကျေသူ၊မယ်မယ့်ကို မုန်းနေသူဆိုတာ အလွန်ရှားပါးသည်။သို့သော် မယ်မယ့်ကို ကမ္ဘာမကျေမုန်းနေသူဆိုမှာ ဒီလောကတွင် တစ်ဦးသာရှိသည်။မယ်မယ့်ကို ပိုင်စိုးနိုင်မှအမျှမဝေရင် ဘယ်သူကဝေမှာမို့လို့လဲ။တချို့လူတွေဆို မယ်မယ်က ဝိညာဉ်အဖြစ်နဲ့ ရှိနေမှန်း သိတာတောင်မဟုတ်ဘူး။မယ်မယ် သူ့အနားမှာမရှိရခြင်းအကြောင်း၏ တရားခံမှာ ပိုင်စိုးနိုင်ပင်။သူ့နားမှာအမြဲ အရိပ်တကြည့်ကြည့်စောင့်ကြည့်နေသော မယ်မယ်၏ဝိညာဉ်ကိုတောင် ပိုင်စိုးနိုင်ကဖျက်ဆီးသွားခဲ့သည်။ပြည့်စုံနောင်၏အရာရာကိုဖျက်လိုဖျက်ဆီး လိုက်လုပ်နေသောသူမှာ ပိုင်စိုးနိုင်တစ်ဦးသာ။ဒီလိုနှင့် ပြည့်စုံနောင်၏ ပိုင်စိုးနိုင်ပေါ်ထားသော အမုန်းတရားများဟာ အသစ်ပြန်မွေးဖွားလာပြီး ဆက်လက်ရှင်သန်လျက်ရှိလေသည်။

...................................................................................................

ကလောနာရီစင်...

ဒီနေ့မနက်တော့ ပိုင်စိုးနိုင်နှင့်မိုးသုခဘုံတို့နှစ်ဦး မနက်စောစောထ လမ်းလျှောက်ရန် ကလောနာရီစင်ဘေးက မောမြေဦးပန်းခြံသို့ ထွက်လာခဲ့ကြသည်။ထိုမောမြေဦးပန်းခြံသည် ကလောမြို့တွင် နာမည်ကြီးပန်းခြံဖြစ်သလို ထိုပန်းခြံအတွင်း၌ ကြီးမားရှည်လျားသော ထင်းရှူးပင်များရှိသည်။မနက်စောစောအချိန်ဖြစ်၍ ဇန်နဝါရီလ၏ ကလောဆောင်းအခြေအနေကြောင့် ထင်းရှူးတောထဲမှာလမ်းတူတူလျှောက်နေကြသော ကောင်လေးနှစ်ဦးမှာ ခိုက်ခိုက်တုန်အောင်ချမ်းတုန်လျက်ရှိသည်။အလင်းရောင်မှိန်ပျပျများကြားနှင်းမှုန်များကြောင့် တစ်ဦးနှင့်တစ်ဦးပင် သဲသဲကွဲကွဲမမြင်ရ။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ