⚡Chapter (12)⚡

2K 195 16
                                    

*Zawgyi*

"ကျွန်တော်ဝတ်ထားတာအဆင်ပြေရဲ့လားလို့ တစ်ချက်ကြည့်ပေးပါလား အကိုထစ်ချုန်း"

ထစ်ချုန်းက ပြည့်စုံနောင်၏ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကြည့်ရှုလိုက်ပြီး ခေါင်းညိတ်နေသည်။

"အင်း..သိပ်ပြေတယ် အချစ်"

ပြည့်စုံနောင်၏အတွင်းစိတ်မှာ မပျော်ရွှင်နေသော်လည်း အခြေအနေအရပ်ရပ်တို့ကြောင့် မချိသွားဖြဲပြုံးထားရလေသည်။ရင်ထဲမှာ ပျော်မနေသော်လည်း မယ်မယ့်ကိုမလွန်ဆန်နိုင်သောကြောင့်၊မယ်မယ် စိတ်ဆင်းရဲမှာစိုး၍ပြုံးထားရသည်။မျက်လုံးထဲမှာတော့ ဟိုတနေ့က ကိုကို သူတို့၏ခြံရှေ့အုတ်ခုံလေးမှာ မိုးရေထဲတစ်ယောက်တည်းငေးငိုင်ထိုင်နေ သည့်ပုံကိုသာ အမြဲမြင်ယောင်နေမိတော့သည်။

"ဒါဆို အောက်ဆင်းကြမယ်လေ..အချစ်"

"ဟုတ်ကဲ့.."

အဖြူရောင်လည်ဂတုံးတိုက်ပုံနှင့်ပန်းရောင်တောင်ရှည်ပုဆိုးကို ဆင်တူဝတ်ဆင်ထားသောကောင်လေးနှစ်ဦးဟာ အိမ်အောက်ထပ်သို့ ဆင်းရန်ခြေလှမ်းပြင်လိုက်သည်။အကိုထစ်ချုန်း၏မျက်ဝန်းများထဲမှာတော့ သူ့ကိုချစ်သောအရိပ်အယောင်များပြည့်နှက်နေသည်ဟု ပြည့်စုံခံစားမိသည်။ သို့သော် သူတကယ်ချစ်တာ ပိုင်စိုးနိုင်ဟုခေါ်သော ကိုကို့ကိုသာ။

ကိုကို့အကြောင်းတွေးနေသောအတွေးများကို ဦးနှောက်ထဲမှဖယ်ထုတ်လိုက်ပြီး အကိုထစ်ချုန်း၏လက်မောင်းကို သူ့လက်မောင်းနှင့်ချိတ်လိုက်သည်။အကိုထစ်ချုန်း၏မျက်နှာမှာလည်း ပြုံးပန်းဝေနေသောကြောင့် သူလည်းအတတ်နိုင်ဆုံးပြုံးထားလိုက်တော့ သည်။

ဒီနေ့က သူနှင့်အကိုထစ်ချုန်းတို့၏ အကျဉ်းချုံးသာပြုလုပ်သောမင်္ဂလာပွဲ။ နှစ်ဖက်မိဘများဖြစ်သော မယ်မယ်နှင့်ဦးသီလက ပြည့်စုံ၏ မင်္ဂလာပွဲ အကျဉ်းချုံးလုပ်ချင်သောဆန္ဒကိုလုပ်ခွင့်ပေးလိုက်သဖြင့် အခုလိုသာ စီစဉ်လိုက်တော့သည်။ပြည့်စုံ၏စိတ်မှာ အလိုလိုDownနေတာကြောင့် မင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ဖို့ဆန္ဒမရှိတာကြောင့်ပင်။ထို့ကြောင့် အခုလို သုခမြိုင်စံအိမ်မှာတင်သာ သက်ဆိုင်ရာလူကြီးများကိုခေါ်ပြီး လက်မှတ်ရေးထိုးပွဲကိုစီစဉ်ခဲ့ကြသည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Donde viven las historias. Descúbrelo ahora