⚡Chapter (42)⚡

1.7K 125 89
                                    

*Zawgyi*

သြဂုတ်လဖြစ်နေ၍ အပြင်မှာ ဝါဆိုဝါခေါင်မိုးတို့ဖြိုင်ဖြိုင်ရွာသွန်းနေသည်ကို ပြတင်းပေါက်မှနေ၍ လှမ်းမြင်နေရသည်။မနက်ခင်းတွင် ရွာချလိုက်သောမိုးဖြစ်တာကြောင့် ထွက်လုနီးနီးဖြစ်နေသော နေလုံးနီနီကြီးမှာ မိုးသားတိမ်တိုက်များကိုမယှဉ်ပြိုင်နိုင်၍ အရှုံးပေးကာ တိမ်တိုက်တွေကြားပြန်ပျောက်ကွယ်သွားခဲ့ရသည်။

နှာခေါင်းကို လာကျီစယ်သော မြေသင်းနံ့ခပ်သင်းသင်းလေးကြောင့် ပြည့်စုံနောင်တစ်ယောက် အိပ်ရာမှနိုးလာသည်။နေသိပ်မကောင်းသေးသည် မှာမှန်သော်လည်း အိမ်သို့တဖန်ပြန်ရောက်လာသူ သားလေးအတွက် မနက်စာကောင်းကောင်းတော့ပြင်ဆင်ပေးချင်သည်လေ။သား မိုးသုခဘုံက မနက်စာဆိုHeavyစားရမှကျေနပ်သူမို့ မနက်စာကို ဖွယ်ဖွယ်ရာရာလုပ်ပေးရန် အိပ်ရာမှကုန်းရုန်းထရသည်။တွန့်ကြေနေသော အိပ်ယာခင်းနှင့်စောင်များကို သေချာခေါက်သိမ်းကာ မျက်နှာသစ်၊သွားတိုက်ပြီး အိမ်အောက်မီးဖိုချောင်သို့ဆင်းလာခဲ့သည်။

မိုးရာသီဖြစ်၍ ရာသီဥတုနှင့်လိုက်အောင် ပူပူနွေးနွေးအစာများကိုသာစားသင့်သောကြောင့် ငါးကြင်းမုန့်ဟင်းခါးချက်ရန် စတင်ပြင်ဆင်လိုက်တော့သည်။မီးဖိုချောင်က တိုင်ကပ်နာရီလေးကို မော့ကြည့်လိုက်တော့ မနက်၈နာရီပဲရှိသေးတာကြောင့် သားတော့ နိုးလောက်မည်မဟုတ်သေး။ခရီးပန်းလာသောကြောင့် အိပ်ပါစေ ဆိုပြီး အခန်းထဲဝင်နှိုးမနေတော့ဘဲ မီးဖိုချောင်ထဲ၌ မုန့်ဟင်းခါးဟင်းရည်အိုးကိုသာ ထိုင်မွှေနေလိုက်တော့သည်။

...

မနက်၉နာရီခွဲ..။

မုန့်ဟင်းခါးအိုးကိုမွှေကြည့်လိုက်သောအခါ စပါးလင်နံ့၊ဆန်မှုန့်နံ့၊ ထည့်ထားသော ငါးကြင်းနံ့တို့နှင့် အနံ့အရသာပြည့်စုံနေလေသည်။မြည်းကြည့်လိုက်တော့လည်း အရသာကောင်းနေသည်မို့ ထိုသို့အရသာရှိလှသော စေတနာအပြည့်နှင့် ချက်ထားသည့်မုန့်ဟင်းခါးကို စားပေးမည့် သားဖြစ်သူကို နှိုးရန် အိမ်အပေါ်ထပ်သား၏အိပ်ခန်းသို့တက်လာခဲ့သည်။

ကျိန်စာများပျက်ပြယ်ပါစေသား(ကျိန်စာများပျက်ပြယ်ပါစေသား)(Completed)Where stories live. Discover now